Pages

Friday, June 22, 2012

ဘူးသီးတောင်-မောင်တော ပြည်တွင်းရေကြောင်းသင်္ဘော ခရီးစဉ်များနှင့် ခရီးသည်တင်ကားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရ

ဘူးသီးတောင်-မောင်တော ပြည်တွင်းရေကြောင်းသင်္ဘော ခရီးစဉ်များနှင့် ခရီးသည်တင်ကားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရ



ဘူးသီးတောင်-မောင်တော ခရီးသည်တင်ကားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မောင်တောမြို့ခံများ၏ ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားချက်အရ သိရှိရပါသည်။
စစ်တွေ-ဘူးသီးတောင် ပြည်တွင်းရေကြောင်းသင်္ဘောများ သင်္ဘောခရီးစဉ်များ ဇွန်လ ၁၆ ရက်နေ့မှ နေ့စဉ် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်းနှင့် ခရီးသည် အသွားအလာ နည်းပါးနေ သေးကြောင်းလည်းသိရသည်။
ပြည်တွင်းရေကြောင်း သင်္ဘောများ ပြန်လည်ပြေဆွဲနေပြီဖြစ်သော်လည်း အမြန်ရေယာဉ်များ ရပ်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။ စစ်တွေ-ဘူးသီးတောင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သင်္ဘောများ ဇွန်လ ၁၆ ရက်နေ့မှ စတင်ပြေးဆွဲနေပြီဖြစ်သဖြင့် မောင်တော-ဘူးသီးတောင် ခရီးသည်တင်ကားများ ပြေးဆွဲနေခြင်းဖြစ်ပြီး နံနက်အာရုံကားများလည်း စတင်ထွက်ခွာနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

"သင်္ဘောဘူးသီးတောင်ကို တက်တာ လေးရက်ရှိပြီဖြစ်လို့ ကားတစ်ချို့ထွက်ပါတယ်။ ကားအားလုံး မထွက်သေးတာက ခရီးသည် အသွားအလာ နည်းပါသေးတယ်။မောင်တောမှက ဆိုင်တွေလည်းပိတ်၊ ဈေးလည်းပိတ်တော့ အရောင်းအ၀ယ် သိပ်မရှိသေးပါဘူး။ ကုန်သည်တွေလည်း အ၀င်မရှိသေးပါဘူး။ အမြန်ယာဉ်တွေလည်း နောက်နှစ်ရက်သုံးရက်အတွင်း တက်မယ်လို့ သိရပါတယ်။" ဟု ကားသမားတစ်ဦးက ပြောသည်။

ဘူးသီးတောင်-မောင်တော ခရီးသည်တင်ကားများ စတင်ပြေးဆွဲနေပြီဖြစ်သော်လည်း မောင်တောမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း အားလုံးရပ်ဆိုင်းနေဆဲဖြစ်ကြောင်းနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အ၀င်အထွက် မရှိသေးကြောင်းလည်း သိရှိရပါသည်။ လက်ရှိအချိန်ထိ မောင်တောမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများသို့ ရိက္ခာပို့ရန်သွားသည့် ကားများလည်း လုံခြုံရေးများဖြင့်သာ သွားလာနေရကြောင်းလည်း မောင်တောမြို့ခံများ၏် ပြောကြားချက်အရ သိရသည်။
Eleven Media Group:

0 comments:

Post a Comment