Pages

Friday, June 22, 2012

မိုးရွာသွန်းမှုကြောင့် လေးမြို့မြစ်ကမ်းပါးရှိ မင်းပြားမြို့နယ် ပန်းမြောင်းဈေး မြေပြိုမှုဖြစ်ပွား

မိုးရွာသွန်းမှုကြောင့် လေးမြို့မြစ်ကမ်းပါးရှိ မင်းပြားမြို့နယ် ပန်းမြောင်းဈေး မြေပြိုမှုဖြစ်ပွား

ဇွန်လ ၂၂ ရက် ယနေ့တွင် မိုးရွာသွန်းမှုကြောင့် လေးမြို့မြစ်ကမ်းပါးရှိ မင်းပြားမြို့နယ် ပန်းမြောင်းဈေး မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဇွန်လ ၂၀ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းရွာ ဥယျာဉ်သာရပ်ကွက် ကမ်းနားတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ 

"ပြီးခဲ့တဲ့ နှစ်ကလည်း ပန်းမြောင်းဈေး မြေပြိုမှုဖြစ်ခဲ့တယ်။ ဒီနှစ်လည်း မြေပြိုမှု ထပ်မံဖြစ်ပွားတော့ ရောင်းစရာ ဆိုင်ခန်းကို မရှိတော့ဘူး။ ဘယ်နေ့ ထပ်ပြိုမလဲဆိုတာ စိုးရိမ်နေရတယ်။" ဟု အဆိုပါ မြေပြိုမှုတွင် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
Eleven Media Group:

0 comments:

Post a Comment