Pages

Friday, June 22, 2012

ဘူးသီးတောင်ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသူတစ်ချို့ကို သက်ဆိုင်ရာနေရပ်အသီသီးသို့ ပြန်လည်ပို့ဆောင်




ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသူတစ်ချို့ကို မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ၄င်းတို့သည် ဘူးသီးတောင်မြို့နယ်အတွင်းတွင် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမရှိသော်လည်း ဘင်္ဂလီများ၏ အကြမ်းဖက်မှု့ကို စိုးရိမ်သဖြင့်  ရွာကို စွန့်ခွာပြီး  ဘူးသီးတောင်မြို့သို့ ရောက်လာကြသူများ ဖြစ်ကြောင်းသိရသည်။ 

ဘူးသီးတောင်စခန်းသို့ မောင်တောမြို့နယ်တောင်ပိုင်းမှ သရေကုန်းဘောင်၊ ကိုင်းကြီးရွာဟောင်း၊ မောရ၀တီ စသည့်ကျေးရွာများမှ အဓိကရုဏ်းများဖြစ်ပွားမှုကြောင့် တောင်ကျော် ပြေးလာသူများလည်း ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းကို ရောက်ရှိလာခဲ့ ကြောင်းသိရသည်။ ဇွန်လ ၁၄ ရက်နေ့မှစပြီ မောင်တောမြို့နယ်မှ တောင်ကျော်ထွက်ပြေးလာပြီး ဘူးသီးတောင် ကယ်ဆယ်ရေး စခန်းတွင် ခိုလုံနေသူများကို မောင်တောမြို့သို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်းနှင့် လက်ရှိ တွင် မောင်တောမြို့ပေါ်ကယ်ဆယ်ရေးစခန်းများတွင် ထားရှိကြောင်းလည်းသိရသည်။ 

ဘူးသီးတောင် မြို့နယ်အတွင်း ကျေးရွာများဖြစ်သည့် သပိတ်တောင်၊ ညောင်းချောင်းစသည့် ကျေးရွာများမှ ကယ်ဆယ်ရေး စခန်းသို့ လာရောက်ခိုလှုံလာသူတစ်ချို့ကိုလည်း ပြန်လည်ပြီး မိမိနေရပ်သို့ ပို့ဆောင်နေပြီဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းများတွင် စုစုပေါင်း ဒုက္ခသည် တစ်ထောင့်ရှစ်ရာကျော် ရှိခဲ့ကြောင်းလည်း သိရသည်။

"အခု ကယ်ဆယ်ရေးစခန်းတွေကို ရောက်လာသူတွေထဲက ရွာဖျက်မခံရတဲ့သူတွေကို ဦးစွာပြန်လည် ပို့ဆောင်တာဖြစ်ပါတယ်။ ရွာဖျက်ခံရတဲ့သူတွေကိုတော့ နေအိမ်ဆောက်လုပ်ပေးပြီးမှ ပြန်လည်နေရာ ချထားနိုင်မှာဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာတော့ ရွာကို စွန့်ခွာလာသူတွေများပြီးတော့ မောင်တောမြို့နယ်အတွင်းမှာတော့ ရွာကို မီးရှို့ဖျက်ဆီးခံရသူတွေ များပါတယ်။" ဟု ဘူးသီးတောင်မြို့မှ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသူတစ်ဦးကပြောသည်။

Eleven Media Group:

0 comments:

Post a Comment