Pages

Thursday, June 28, 2012

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျှင်မြို့တွင် ရှမ်းငချိတ်ပြောင်းဟု ဆိုကာ ဆေးဆိုးပြောင်းဖူးများ ရောင်းချလျှက်ရှိ

Photo: ရန်ကုန်တောင်ပိုင်းခရိုင် သန်လျှင်မြို့တွင် ရှမ်းငချိတ်ပြောင်းဟု ဆိုကာ ဆေးဆိုးပြောင်းဖူးများ ရောင်းချလျှက်ရှိကြောင်းသိရသည်။
" အစကတော့ ကျွန်မလဲမသိဘူး ဈေးထဲမှာ ရှားရှားပါးပါး ရှမ်းငချိတ်ပြောင်း (ရှမ်းပြည်မှတင်ပို့သောအနက်ရောင်ပြောင်းဖူး) ဆိုလို့ဝယ်လိုက်မိတယ်။ အခွံမှာ အရောင် နဲနဲစွန်းနေလို့ ဈေးသည်ကိုမေး ကြည့်တော့  ဈေးသည်ကပြောတယ်။ အစ်မစိတ်ထင်တာနေမယ် ကျွန်မလဲ ကျွန်မယောက်င်္ကျားနဲ့ စကားများသေးတယ် ဘာဖြစ်လို့ ဆေးဆိုး
ထားတာတွေ ၀ယ်လာတာလဲလို့ပြောတော့ သူက ဒါမျိုးသစ်နေ မယ် ဈေးထဲမှာဒါပဲတွေ့လို့ ဒါပဲဝယ်လာတာလို့ပြန်ပြောတယ်ရှင့်။ အဲ့ဒါနဲ့အားနာပြီး ၀ယ်လာတာ အိမ်ရောက်တော့ ပြုတ် ကြည့်လိုက်မှ ပြုတ်ရည်ထဲမှာဆိုးဆေးတွေ အများကြီးထွက်လာတယ် တကယ့် ရှမ်းပြောင်းအစစ်က ပြုတ်လိုက်ရင်လဲ ပြောင်းဖူးရိုးက အဖြူရောင်ပဲ အခုက ပြောင်းဖူးရိုးပါနီရဲသွားတာ ဆေးဆိုးထား မှန်းအရမ်းသိသာပါတယ် " ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြို့ခံ တစ်ဦးကပြောသည်။
ရှမ်းပြည်မှတင်ပို့သော ငချိတ်ပြောင်းအမျိုးအစားမှာ ပြုတ်လိုက်လျှင် နီညိုရောင်နှင့် ပုံမှန်ဝါရောင် ရောစပ်နေပြီးပြောင်းဖူးရိုးမှာ ပကတိအတိုင်းအဖြူရောင် ပင်ရှိနေပြီး ပြောင်းဖူးပြုတ်သော ပြုတ်ရည် သည်လဲ အနီရောင်သန်းသွားခြင်းမရှိကြောင်းလည်းသိရှိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျှင်မြို့တွင် ရှမ်းငချိတ်ပြောင်းဟု ဆိုကာ ဆေးဆိုးပြောင်းဖူးများ ရောင်းချလျှက်ရှိကြောင်းသိရသည်။
" အစကတော့ ကျွန်မလဲမသိဘူး ဈေးထဲမှာ ရှားရှားပါးပါး ရှမ်းငချိတ်ပြောင်း (ရှမ်းပြည်မှတင်ပို့သောအနက်ရောင်ပြောင်းဖူး) ဆိုလို့ဝယ်လိုက်မိတယ်။ အခွံမှာ အရောင် နဲနဲစွန်းနေလို့ ဈေးသည်ကိုမေး ကြည့်တော့ ဈေးသည်ကပြောတယ်။ 

အစ်မစိတ်ထင်တာနေမယ် ကျွန်မလဲ ကျွန်မယောက်င်္ကျားနဲ့ စကားများသေးတယ် ဘာဖြစ်လို့ ဆေးဆိုး
ထားတာတွေ ၀ယ်လာတာလဲလို့ပြောတော့ သူက ဒါမျိုးသစ်နေ မယ် ဈေးထဲမှာဒါပဲတွေ့လို့ ဒါပဲဝယ်လာတာလို့ပြန်ပြောတယ်ရှင့်။ အဲ့ဒါနဲ့အားနာပြီး ၀ယ်လာတာ အိမ်ရောက်တော့ ပြုတ် ကြည့်လိုက်မှ ပြုတ်ရည်ထဲမှာဆိုးဆေးတွေ အများကြီးထွက်လာတယ် တကယ့် ရှမ်းပြောင်းအစစ်က ပြုတ်လိုက်ရင်လဲ ပြောင်းဖူးရိုးက အဖြူရောင်ပဲ အခုက ပြောင်းဖူးရိုးပါနီရဲသွားတာ ဆေးဆိုးထား မှန်းအရမ်းသိသာပါတယ် " ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြို့ခံ တစ်ဦးကပြောသည်။

ရှမ်းပြည်မှတင်ပို့သော ငချိတ်ပြောင်းအမျိုးအစားမှာ ပြုတ်လိုက်လျှင် နီညိုရောင်နှင့် ပုံမှန်ဝါရောင် ရောစပ်နေပြီးပြောင်းဖူးရိုးမှာ ပကတိအတိုင်းအဖြူရောင် ပင်ရှိနေပြီး ပြောင်းဖူးပြုတ်သော ပြုတ်ရည် သည်လဲ အနီရောင်သန်းသွားခြင်းမရှိကြောင်းလည်းသိရှိရသည်။

ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment