Pages

Thursday, June 28, 2012

သန်လျင်မြို့နယ်အတွင်း မြေပြိုမှုကြောင့် သားအဖ နှစ်ဦး သေဆုံး၍ တစ်ဦးဒဏ်ရာရရှိ


“သန်လျင်မြို့နယ်အတွင်း မြေပြိုမှုကြောင့် သားအဖ နှစ်ဦး သေဆုံး၍ တစ်ဦးဒဏ်ရာရရှိ”

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ( ၂၇ ) ရက် က သန်လျင်မြို့နယ် အတွင်း မြေပြိုမှု ဖြစ်ပွားကာ ကလေးငယ်တစ်ဦးအပါအ၀င် သားအဖနှစ်ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှ သတင်းရရှိသည်။

အဆိုပါ မြေပြိုကျမှုမှာ ၄င်းနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ် အချိန်က သန်လျင်မြို့နယ်၊ ဒါရ်ဂါ ရပ်ကွက် ၊ ကန်သာယာ ( ၁ ) လမ်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။၎င်း မြေပြိုကျမှုကြောင့် ကန်သာယာ ( ၁ ) လမ်းအောက်ပိုင်းရှိ အမှတ် ( ၁၀၆ )ပေါ်သို့ မြေစိုင်မြေခဲများ ပိမိကာပြိုကျခဲ့ပြီး အဆိုပါ အိမ်၌ နေထိုင်သော အိမ်ရှင် ဦးကျော်ကျော်ဦးနှင့် အသက် ( ၃ )နှစ် အရွယ်ရှိ ၄င်း၏ သမီးဖြစ်သူ မမေသဇင်ကျော် တို့မှာ နေရာ၌ သေဆုံးခဲ့ပြီး အိမ်ရှင်ဖြစ်သူ ၏ ဇနီးဖြစ်သူမှာ ခြေထောက် တွင် ဒဏ်ရာ များရရှိခဲ့သည့်အတွက် သန်လျင်ဆေးရုံသို့ ပို့ဆောင် ထားရကြောင်းသိရသည်။

“သူတို့အိမ်အနောက်မှာ က ကုန်းမြင့်တစ်ခုရှိတယ်။အိမ်နဲ့လည်း ကပ်နေတယ်။မိုးရွာတဲ့ အခါကျတော့ မြေတွေက အိပြီးပြိုကျလာတာ။အဲ့ဒီအချိန်မှာ သားအဖ နှစ်ယောက်ကအခန်းထဲမှာ ရှိနေတာ ။



အမေဖြစ်သူက အိမ်ရှေ့ကိုရောက်နေတုန်း မြေကြီးတွေက အိမ်ပေါ်အရှိန်နဲ့ကျပြီး အိမ်ပါ ပြိုသွားတာ” ဟုကန်သာယာ ( ၁ ) လမ်းအတွင်းနေထိုင်သူ တစ်ဦးက ဆိုသည်။


ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment