Pages

Thursday, June 28, 2012

ပထမဦးဆုံးပုဂ္ဂလိက အမြန်ချောပို့ဝန်ဆောင်မှုလုပ်ငန်းတွင် ကုမ္ပဏီ(၃)ခုဖြင့်စတင်

ပထမဦးဆုံးပုဂ္ဂလိက အမြန်ချောပို့ဝန်ဆောင်မှုလုပ်ငန်းတွင် ကုမ္ပဏီ(၃)ခုဖြင့်စတင်


ပထမဦးဆုံးပုဂ္ဂလိကအမြန်ချောပို့ဝန်ဆောင်မှုလုပ်ငန်းများအား တရားဝင်လုပ်ကိုင်နိုင်ရန် UNITED COURIER SERVICES (UCS) အပါဝင် ကုမ္ပဏီ()ခုအား အစိုးရမှခွင့်ပြုလိုက်ပြီဖြစ်သည်။

UCSကုမ္ပဏီ၊ ကစ္စပနဒီကုမ္ပဏီနှင့် Magnate Group Logstrics ကုမ္ပဏီတို့က ပြည်တွင်းအမြန်ချောပို့လုပ်ငန်းများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ မြိတ်နှင့် ဘားအံ့မြို့များတွင် စတင်ပို့ဆောင်သွားမည်ဖြစ်သည်။


အမြန်ချောပို့စနစ်အား အသုံးပြု၍ စီးပွားရေးဆိုင်ရာစာရွက်စာတန်းများ ကုန်ပစ္စည်းနမူနာများ လက်ဆောင် ပစ္စည်းများနှင့် ကိုယ်ရေးကိုယ်တာအသုံးဆောင်ပစ္စည်းများကို ယနေ့ပို့ နောက်နေ့ရောက် စနစ်ဖြင့် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း UCSမှ မန်နေဂျင်း ဒါရိုက်တာဦးတင်ထွန်းက ပြောသည်။

ပြည်တွင်းအမြန်ချောပို့လုပ်ငန်းတွင် ရန်ကုန် - နေပြည်တော်သို့ စာပို့မည်ဆိုပါက စာတစ်စောင်လျှင် ငွေကျပ် ၂၅၀၀ ကျသင့်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေး စာတစ်စောင်ပို့ပါက ၀န်ဆောင်က ငွေကျပ် ၃၅၀၀ ပေးရမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အပြည်သူများအနေဖြင့် အမြန်ချောပို့ဝန်ဆောင်မှုလုပ်ငန်းအပေါ်တွင် လုံခြုံစိတ်ချ၊ လျင်မြန်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ကြောင်းနှင့် ဆောင်ရွက်လိုသူများ စိတ်ချမ်းသာမှုနှင့် သက်တောင့်သက်တာရှိစေရေးကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဦးဝင်းဆန်းထွေးက ဆိုသည်။

အဆိုပါ အမြန်ချောပို့လုပ်ငန်းကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၀န်ဆောင်မှုပြုလုပ်ပေးမည် ဖြစ်သည်။
ကျောင်းသားကျောင်းသူများအတွက် အထူးဝန်ဆောင်မှုဖြင့် ဇူလိုင်လ ၁ ရက်နေ့ကနေစပြီး ၃ လအတွင်း (၂၀) ရာခိုင်နှုန်းလျော့၍ အထူးဈေးနှုန်းဖြင့် ၀န်ဆောင်မှု ပေးပါမယ်။”ဟု ဦးဝင်းဆန်းထွေးက ပြောသည်။

အမြန်ချောပို့လုပ်ငန်းလုပ်ငန်းမှ မိမိတို့ပို့ဆောင်လိုသော ပစ္စည်းပျောက်ဆုံးပျက်စီးပါက ငွေကျပ် ငါးသောင်း သာပေးလျော်ဖြစ်ပြီး ငွေကျပ်ငါးသောင်းထက်ပိုသောပစ္စည်းအတွက်လည်း ငွေကျပ်ငါးသောင်းသား ပေးလျော် မည်ဖြစ်သည်။

အင်တာနက် အီးမေးလ်တွေ ပေါ်လာပေမယ့် တစ်ချိုနေရာတွေမှာ အင်တာနက်မရတာတို့ အင်တာနက်လိုင်း အခက်ခဲရှိတာတို့ရှိတယ်လေ ဒီလိုအမြန်ချောပို့စနစ်တွေ ရှိလာတယ်ဆိုတော့ အဆင်ပြေတာပေါ့ဟု ကုမ္ပဏီ ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုမင်းသူက ပြောသည်။

အဆိုပါ UCS အမြန်ချောပို့စနစ်အား ဆက်သွယ်လိုပါက ဖုန်းနံပါတ် ၀၉ ၇၃၀၇၃၀၉၉ နှင့် ၀၁ ၆၅၂၅၂၂ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

စည်သူနိုင်(မြစ်မခ)

0 comments:

Post a Comment