Pages

Thursday, June 28, 2012

"ရေကြောင်းပညာတက္ကသိုလ် ကျောင်းသားသစ်လက်ခံနှုန်း ၃ဝ ရာခိုင်နှုန်း ခန့် လျှော့ချမည်"


"ရေကြောင်းပညာတက္ကသိုလ် ကျောင်းသားသစ်လက်ခံနှုန်း ၃ဝ ရာခိုင်နှုန်း ခန့် လျှော့ချမည်"


မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ယခုနှစ်စာသင်နှစ် အတွက် ကျောင်းသားသစ်များ လက်ခံမှုကို ၃ဝ ရာခိုင်နှုန်းနီးပါး လျှော့ချ သွားမည်ဟု သိရသည်။

နိုင်ငံရှိအသက်မွေးဝမ်းကျောင်း ပညာတက္ကသိုလ်များထဲ၌ တက္ကသိုလ် ဝင်တန်းရမှတ် အမြင့်ဆုံးဖြင့် ဝင်ခွင့်ခေါ်ယူလေ့ရှိသည့် မြန်မာနိုင် ငံရေကြောင်း ပညာတက္ကသိုလ်မှာ ယခင်နှစ်က ၄၅ဝ ဦး ခေါ်ယူခဲ့သော် လည်း ယခုနှစ်အတွက်မူ ၃၂ဝ ဦးသာ ခေါ်ယူမည်ဟု ၄င်း တက္ကသိုလ်မှ သိရသည်။


ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ချာလီသန်းက ''အယောက် ၃၂ဝ ပဲ လက်ခံဖို့ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင် ကြားပေးမယ့် ဆရာ အခက်အခဲရှိနေလို့ပါ''ဟုအတည် ပြုပြောသည်။

၂ဝဝ၂ ခုနှစ် သြဂုတ်လက သန်လျင်မြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ ရေကြောင်း ပညာ တက္ကသိုလ်မှာ တက္ကသိုလ်စတင် ဖွင့်လှစ်သည့်နှစ်၌ ကျောင်းသား ၂၂၅ ဦးသာ လက်ခံခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ တွင် ကျောင်းသား ၄၅ဝ ဦး အထိ အဆင့်ဆင့် တိုးမြှင့်လက်ခံ ခဲ့ကြောင်း သိရသည်။


''ပိုပြီး အရည်အသွေးရှိစေချင်လို့ပါ။ နောက်ပြီး ဖိဖိစီးစီးလည်း သင်ပေးချင်ပါ တယ်။ ပစ္စည်းကိရိယာ အစုံအလင်နဲ့ပါ။ ဒါ့ကြောင့် လျှော့ချလိုက်ရတာပါ။ အခုလက်ခံမယ့် အရေအတွက်က ရှိနေတဲ့ဆရာဦး ရေပမာဏနဲ့မှ အဆင်ပြေ တာလည်း ပါတယ်''ဟု ပါမောက္ခချုပ် ဒေါက်တာချာလီသန်းက ဆက် လက် ပြောသည်။


ရန်ကုန်မြို့တွင်း နေထိုင်သည့် ခြောက်ဘာသာဂုဏ်ထူးရ ကျောင်းသား တစ်ဦး၏ ဖခင်ဖြစ်သူက ''စနစ်တစ်ခုပြုပြင်ပြောင်းလဲမှု လုပ်လိုက်တိုင်း အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲပြီး ပါလာတတ်ပါတယ်။ ရည်မှန်းချက်ကြီးကြီးနဲ့ ကြိုးစားလာခဲ့ပြီး အမှတ်ဆုံးဖြတ်မှုနဲ့ ကပ်ပြီးပြုတ် သွားရင် ကလေးရဲ့ အနာဂတ်အိပ်မက် ပျက်သွားတာမျိုးတော့ မဖြစ်စေ ချင်ပါဘူး''ဟု ပြောသည်။
ကျောင်းသားဦးရေ လျှော့ချလိုက်သော်လည်း ကျောင်းသူလက်ခံမှု အချိုးအစား ၂ဝ ရာခိုင် နှုန်းကိုမူ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း သိရသည်။


လျှောက်ထားရာတွင် ပညာ ရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေး ချယ်ရေးအဖွဲ့၊ အဆင့်မြင့် ပညာဦးစီးဌာန(အောက်မြန်မာပြည်) သို့ သာလျှောက်ထားရမည်ဖြစ်သည်။ ယခင်နှစ်က ရေကြောင်းပညာ တက္ကသိုလ်၏ ဝင်ခွင့်အနိမ့်ဆုံး ရမှတ်မှာ ၄၉ဝ ကျော်ရှိကြောင်း သိရသည်။ 

မင်းသုအောင်(ပေါ်ပြုလာမြန်မာ)

0 comments:

Post a Comment

 
world time