Pages

Thursday, June 28, 2012

ရခိုင်ပြည်နယ်က အခြေအနေတွေတင်းမာနေဆဲ

ရခိုင်ပြည်နယ်က အခြေအနေတွေတင်းမာနေဆဲ 

Photo: ရခိုင်ပြည်နယ်က အခြေအနေတွေတင်းမာနေဆဲ  

ရခိုင်နဲ့မွတ်စလင် နှစ်ဘက်ကြားမှာ စစ်တပ်က လုံခြုံရေး ချထားရဆဲ 
ဖြစ်တယ်လို့ အဲဒီကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပြောပါတယ်။ 

ဒီလ ဇွန်လ (၂၀) ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် 
ကျောင်းသားများ အဖွဲ့က မနီလာသိန်းနဲ့အတူ ရောက်ရှိနေတဲ့ မမီးမီးက အခြေအနေတွေကို အခုလို ပြောပြပါတယ်။

"ရခိုင်ပြည်နယ်မှာတော့ လောလောဆယ် နောက်ဆုံး အခြေအနေအထိ အရတော့ ရခိုင်နဲ့  မွတ်စလင်တွေကိုတော့ သီးခြား Separate ဧရိယာ အဖြစ် ထားထားပြီးတော့ ကြားထဲကနေ စစ်တပ်ခံပြီး လုံခြုံရေးအနေနဲ့  ထားထားတာကို တွေ့ရပါတယ်။  အခုလက်ရှိမှာလည်း စခန်းတွေ မှာလည်း အလှူရှင်တွေ လာရောက် လှူဒါန်းနေတယ်ပေါ့နော်။ ဒါပေမဲ့ ပုဂ္ဂလိက အလှူရှင်တွေ များပါတယ်၊ "

အစိုးရဘက်က လှူဒါန်းတာတော့ အနည်းငယ်သာ တွေ့ရပါသေးတယ်။
 WFP ကမ္ဘာ့စာနပ်ရိက္ခာအဖွဲ့က ဆန်အိတ်တွေ လှူဒန်းမှုတော့ ရှိပါတယ်။ 

ရခိုင် ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့သလို မနေ့က သဲချောင်းရွာနားမှာ ရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကိုလည်း ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သွားရောက် လေ့လာခဲ့တယ်လို့ မမီးမီးက ပြောပါတယ်။ 

အဲဒီ စခန်းတွေမှာ ဒုက္ခသည်တွေကို အစိုးရက တာဝန်ယူပြီး ဆန်အိတ်တွေ
 ဝေပေးနေသလို မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊ ကြက်ခြေနီ အသင်းတွေ
ကလည်း ဆေးဝါး ကုသရေးအပိုင်းမှာ ကူညီ ဆောင်ရွက်ပေးနေ တာတွေ
ကို မြင်တွေ့ခဲ့ရတယ်လို့ မမီးမီးက ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ကို သက်ဆိုင်ရာ ပြည်နယ် အစိုးရတာဝန်ရှိသူတွေကလည်း ပူးပေါင်း
 ဆောင်ရွက်တယ်လို့ မမီးမီးက ပြောသွားပါတယ်။


ရခိုင်နဲ့မွတ်စလင် နှစ်ဘက်ကြားမှာ စစ်တပ်က လုံခြုံရေး ချထားရဆဲ ဖြစ်တယ်လို့
 အဲဒီကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်း
သားများ အဖွဲ့က ပြောပါတယ်။ 

ဒီလ ဇွန်လ (၂၀) ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က မနီလာသိန်းနဲ့
အတူ ရောက်ရှိနေတဲ့ မမီးမီးက အခြေအနေတွေကို အခုလို ပြောပြပါတယ်။

"ရခိုင်ပြည်နယ်မှာတော့ လောလောဆယ် နောက်ဆုံး အခြေအနေအထိ အရတော့ ရခိုင်နဲ့  မွတ်စလင်တွေကိုတော့ သီးခြား Separate ဧရိယာ အဖြစ် ထားထားပြီးတော့ ကြားထဲကနေ စစ်တပ်ခံပြီး လုံခြုံရေးအနေနဲ့ ထားထားတာကို တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း စခန်းတွေ မှာလည်း အလှူရှင်တွေ လာရောက် လှူဒါန်းနေတယ်ပေါ့နော်။ ဒါပေမဲ့ ပုဂ္ဂလိက အလှူရှင်တွေ များပါတယ်၊ "

အစိုးရဘက်က လှူဒါန်းတာတော့ အနည်းငယ်သာ တွေ့ရပါသေးတယ်။WFP ကမ္ဘာ့စာနပ်ရိက္ခာအဖွဲ့က ဆန်အိတ်တွေ
 လှူဒန်းမှုတော့ ရှိပါတယ်။

ရခိုင် ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့သလို မနေ့က သဲချောင်းရွာနားမှာ ရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကိုလည်း ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သွားရောက် လေ့လာခဲ့တယ်လို့ မမီးမီးက ပြောပါတယ်။

အဲဒီ စခန်းတွေမှာ ဒုက္ခသည်တွေကို အစိုးရက တာဝန်ယူပြီး ဆန်အိတ်တွေဝေပေးနေသလို မြန်မာနိုင်ငံ ဆရာဝန်များ
အသင်း၊ ကြက်ခြေနီ အသင်းတွေကလည်း ဆေးဝါး ကုသရေးအပိုင်းမှာ ကူညီ ဆောင်ရွက်ပေးနေ တာတွေ
ကို မြင်တွေ့ခဲ့ရတယ်လို့ မမီးမီးက ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ကို သက်ဆိုင်ရာ ပြည်နယ် အစိုးရတာဝန်ရှိသူတွေကလည်း ပူးပေါင်း
ဆောင်ရွက်တယ်လို့ မမီးမီးက ပြောသွားပါတယ်။

Ref: RFA (Burmese)

0 comments:

Post a Comment