Pages

Thursday, June 28, 2012

မန္တလေးမြို့နှင့်မင်းကွန်းတောင်ရိုးကြားရှိ ဧရာဝတီ မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပါးပြို


မန္တလေးမြို့နှင့်မင်းကွန်းတောင်ရိုးကြားရှိ ဧရာဝတီ မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပါးပြို



မန္တလေးမြို့နှင့်မင်းကွန်းတောင်ရိုးကြားရှိ ဧရာဝတီမြစ်ကမ်းပါးနှင့် ရေလယ်ကျွန်းတွင် နေထိုင်သူများသည် မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပါးပြို၍ မြေနေရာများဆုံးရှုံးခဲ့ရပြီး လက်ရှိတွင် လှေပေါ်၌ အိမ်ရာပြုနေထိုင်နေရကြောင်းသိရသည် ။

““ ကမ်းပါးပြိုတော့ အိမ်ပြန်ဆောက်ဖို့အတွက် မြေနေရာ မကျန်တော့ဘူးဖြစ်နေတယ်။ ဒါကြောင့်အခုလှေပေါ်မှာပဲ အိပ်နေကြရတယ်။”” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဒေသရှိ အရှေ့ညောင်ပင်သာရွာ ၊ အနောက်ညောင်ပင်သာရွာ၊ ကျွန်းဆင်ရွာ၊ စသည့် ရွာများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ဇွန်လကုန်ပိုင်းအထိ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများကြောင့် ကျေးရွာပိုင်မြေနေရာ ထက်ဝက်ခန့် ဆုံးရှုံးခဲ့ရပြီး နေအိမ် ၈၀ ကျော် ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။

ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment