Pages

Thursday, February 2, 2017

ပင်လုံစာချုပ် ချုပ်ဆိုမှုကို သတင်းရယူခဲ့သည့် သတင်းစာဆရာ ဦးစံအောင် ကွယ်လွန်


RangonNewsDaily::Thursday. February 2. 2017
၁၉၄၇ ခုနစ်က ပြုလုပ်ခဲ့သည့် သမိုင်းဝင် ပင်လုံစာချုပ် လက်မှတ်ရေး ထိုးရာတွင် သတင်းသွားရောက် ရယူခဲ့သည့် ၀ါရင့် သတင်းစာဆရာကြီး ၀ါရင့်နိုင်ငံရေးသမားကြီး ပင်လုံ ဦးစံအောင် သည် ဇန်န၀ါရီ ၃၁ ရက် ညပိုင်းက တောင်ကြီးမြို့နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
“မနေ့ည ၁၀ နာရီကျော်က ကွယ်လွန်တာပါ။ နေ့လယ် ၂ နာရီ ဒီကနေ့ သင်္ဂြိုဟ်မှာပါ” ဟု တောင်ကြီးမြို့ခံ ဦးတင်မောင်တိုးက The Ladies News သို့ ပြောသည်။

ပင်လုံစာချုပ် ချုပ်ဆိုစဉ်က မြန်မာ့ အလင်း သတင်းစာ သတင်းထောက်အဖြစ် သတင်းရယူခဲ့သည့် သက်ရှိ ပင်လုံဟု တင်စားခေါ်ဝေါ်ခြင်း ခံရသူတစ်ဦးဖြစ်သည်။ ဦးစံအောင်အား ၁၉၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် တောင်ကြီးမြို့၌ မွေးဖွားခဲ့သည်။


ဦးစံအောင် အသက် ၁၅ နှစ်အရွယ်က American Baptist Missionary School တွင် အထက်တန်းပညာ သင်ကြားနေချိန်က မြန်မာ့အလင်း သတင်းစာသို့ သတင်းများ ရေးသားပေးပို့ရင်း အကျိုးတော်ဆောင် သတင်းထောက်အဖြစ် ချီးမြှင့်ခံခဲ့ရသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
လွတ်လပ်ရေးရပြီးနောက် ဒုတိယအကြိမ်အဖြစ် ကျင်းပသည့် ပါလီမန် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ပအိုဝ်မဲဆန္ဒနယ် အမှတ် ၃ မှနေ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရ၍ ၁၉၅၂ မှ ၁၉၅၆ ခုနှစ်အထိ ပါလီမန်တွင်
ဥပဒေပြုအမတ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသည်။


တရုတ်ဖြူ ကျူးကျော်မှုကို ကုလသမဂ္ဂတွင် မြန်မာအစိုးရက သက်သေပြရန် ၁၉၅၃ ခုနှစ်အတွင်း ပြင်ဆင်ရာတွင် ကုလသမဂ္ဂကို တင်ပြဖို့ အထောက်အထားရဖို့ 
ဓာတ်ပုံအပြင် အခြားသက်သေများ ပြသနိုင်ရန် လုပ်ဆောင် နိုင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ဆရာကြီးသည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည်အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တောင်ကြီးမြို့ရှိ မွတ်ဆလင် သုသ၁န်၌ နေ့လယ်ပိုင်း တွင် မြေမြှပ်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
The Ladies News

0 comments:

Post a Comment