Pages
Thursday, February 2, 2017
တန်ဖိုးရှိစေချင်..........
RangonNewsDaily::Thursday. February 2. 2017
ငတုံး နှင့် ငအတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲစားထွက်လာကြသည်။လမ်းမတစ်နေရာ သစ်ပင်ကြီးတစ်ပင်အနီးသို့ရောက်သောအခါ ထိုအနီးတ၀ိုက်တွင်ပင် ပျော်ပွဲစားကြရန် နှစ်ဦးသဘောတူ ဆုံးဖြတ်လိုက်ကြသည်။
.
ငတုံးက “ငါတို့ရဲ့ပွဲလေးကို ဟိုသစ်ပင်ကြီးအောက်မှာကျင်းပကြရအောင်” ဟု ပြောရာ….ငအက “ဟာမင်းကလဲ ဒီလမ်းမကြီးပေါ်က ပိုကောင်းပါတယ်ကွာ။ ဒီလမ်းမကြီးပေါ် မှာပဲကျင်းပရအောင်”။ 
.
နှစ်ယောက်သားအတန်ကြာ ငြင်းခုန်ကြပြီး နောက်ဆုံးတွင် လမ်းမကြီးပေါ်၌ ပျော်ပွဲစားကြရန် ဆုံးဖြတ်လိုက်ကြသည်။မကြာမီ အရှိန်ဖြင့်မောင်းနှင်လာသော ကားတစ်စီးလမ်းမအတိုင်း မောင်းနှင်လာရာ ၄င်းတို့နှစ်ဦးအားရှောင်ရင်း လမ်းဘေးမှ သစ်ပင်ကြီးအားတိုက်မိသွားလေသည်။
.
ထိုအခါ ငအပြောလိုက်သည်မှာကား”တွေ့လားဟေ့ကောင် မင်းပြောသလိုသာ အဲဒီသစ်ပင်ကြီးအောက်မှာ ပျော်ပွဲစားကျင်းပကြရင် အခုချိန်ဆို ငါတို့နှစ်ယောက် လျောပြီကွ”။ —————————————————
.
ကိုယ်လုပ်ရပ်…ကိုယ့်စကားတခွန်း..ကိုယ့်အပြုမူတခုက..မိမိကိုယ်တိုင်အတွက်..မိမိ မိသားစုအတွက်..ဆွေမျိုးအတွက်..မိတ်ဆွေသူငယ်ချင်းအတွက်..ပတ်ဝန်းကျင်အတွက်..မိမိလူမျိုးအတွက်..တိုင်းပြည်အတွက်…ဘယ်လောက်ထိခိုက်တယ်..ဘယ်လောက်ဒုက္ခရောက်တယ်…ဘယ်လောက်တန်ဖိုးမဲ့စေတယ်ဆိုတာကို…လူတုးံ..လူအ တွေမသိပါဘူး။
.
သိနိုင်တဲ့အဆင့်လဲမရှိပါဘူး။ဘာလို့အဲ့လိုအဆင့်မရှိတာလဲဆိုတော့…တဖတ်ပိတ်ပြီးအုန်းမုန့်ခွက်ထဲကဖားသူငယ်လို..ပတ်ဝန်းကျင်လောကကြီးကိုအမြင်ကျယ်ကျယ်နဲ့မကြည့်နိုင်လောက်အောင်ကိုတုးံနေကြတာပါ။ပိတ်နေကြတာပါ။အနေကြတာပါ။
.
ဒါကြောင့်…ဒီလိုလူတွေထဲကိုယ်မပါရလေအောင်…စာအုပ်စာပေကိုမိတ်ဆွေပြုပါ..။ကမ္ဘာကြီးကိုထွက်ကြည့်ပါ။ အမြင်များကိုဖလှယ်ပါ..။အယူအဆစွဲတွေကိုထားခဲ့ပါ..။
.
ဘုရားစကားအတိုင်း..ဘယ်သူပြောတာမှမယုံပါနဲ့….မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်ပါဆိုတဲ့အတိုင်းကိုယ်ကိုတိုင်ကြိုးစားပြီလက်တွေ့ဘ၀ကြီးနဲ့အနီးကပ်ဆုးံဖြစ်အောင်မိမိဘ၀ကိုဖန်တီးပါ။ လူတုးံလူအ ထဲမှာမင်းမပါပါစေနဲ့..မိတ်ဆွေ..။
#Credit ; MaMaLay
KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment