Pages

Thursday, February 2, 2017

ကဗျာဆရာကြီး မောင်စိမ်းနီ ယမန်နေ့ ညပိုင်းက ကွယ်လွန်


RangonNewsDaily::Thursday. February 2. 2017
ကဗျာ ဆရာကြီး မောင်စိမ်းနီသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၁ရက်) ညပိုင်း ၁၁ နာရီ မိနစ် ၃၀ ခန့်က ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။
ကဗျာ ဆရာကြီး မောင်စိမ်းနီသည် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်အရွယ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
``စာပေသမားတွေ....ကဗျာဆရာတွေအပေါ်....ရဲဘ်ေရဲဘက်စိတ်....မိသားစုစိတ်နဲ့အမြဲတစေစောင့်ရှောက်တဲ့ကျွန်မတို့ရဲ့စာပေအစ်ကိုကြီး....ကောင်းရာသုဂတိလားပါစေ´´ ဟု စာရေးဆရာမ လည်း ဖြစ်သူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ၄င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။
#ထက်အောင်ဖြိုး
(ဓာတ်ပုံ - than myint aung fb)
#Pyi Myanmar

KOLATT(PBDN)

RangonNewsDaily



0 comments:

Post a Comment