Pages

Thursday, February 2, 2017

ရဲကားနှင့်​ အတိုင်​ပင်​ခံ ဝန်​ကြီးဌာနရုံးကား တိုက်မိ


RangonNewsDaily::Thursday. February 2. 2017
နေပြည်တော်မှာ ဒုတပ်ကြပ် မောင်းနှင်လာတဲ့ Grand Tiger ကားနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ရုံးကား (HIACE) တို့ ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီလောက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
ယာဉ်တိုက်မှုက Grand Tiger ကားဟာ ဧရာဝတီလမ်းဘက်မှ ရာဇသင်္ဂဟ လမ်းပေါ်ကို မောင်းတက်လာစဉ် ရာဇသင်္ဂဟလမ်း အတိုင်း သပြေကုန်းအ၀ိုင်းဘက်ကို မောင်းနှင်လာတဲ့ HIACE ကားတို့ ရာဇသင်္ဂဟလမ်းနဲ့ ဧရာဝတီလမ်းဆုံ၊ ကျောက်မျက်ခန်းမအနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။
.
Grand Tiger ကားပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ HIACE ကားပေါ်မှာ ၆ ဦးတို့ စီးနင်း လိုက်ပါလာကြတာပါ။
.
ယာဉ်တိုက်မှုကြောင့် Grand Tiger ကားပေါ်ပါလာတဲ့ အမှတ် (၁၇) ရဲတပ်ဖွဲ့စခန်းက တပ်ဖွဲ့ခွဲမှူး၊ ဒုရဲမှူးကြီး အောင်ထိန်လင်းမှာ ၀ဲချိုစောင်းပေါက်ပြဲဒဏ်ရာ၊ ရင်ဘက်အောင့်ဒဏ်ရာ (မစိုးရိမ်ရ) နဲ့ HIACE ကားပေါ်ပါလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်ခင်ဌေးမှာ ပေါက်ပြဲဒဏ်ရာအချို့နဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။
.
ယာဉ်တိုက်မှုကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှ ယာဉ်မှုစစ် ရဲအုပ်ဆန်းဝင်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။

0 comments:

Post a Comment