Pages

Thursday, February 2, 2017

မိစ္ဆာမြေ

RangonNewsDaily::Thursday. February 2. 2017
အပြစ်ဆိုလို့
ဒီတိုင်းပြည်ကို ချစ်မိတာရယ်ပါ
ပညာပြည့်နေတဲ့ ဦးနှောက်ဆိုရင်
သူတို့ မနာလိုဘူး

အသိဉာဏ်မဲ့မှုဟာ
ကမ္ဘာကို အမှောင်တိုက်သွင်းတယ်
တနင်္ဂနွေကျည်ဆံနဲ့
အခုတော့ မှောင်ခဲ့ပြီ။
လုပ်ဖို့လိုလို့ လုပ်တယ်
ငိုနေတဲ့အမေတွေ
ငိုနေတဲ့သမီးတွေ
တောင်းပန်ပါတယ်
ဒီနိုင်ငံမှာ လူလာဖြစ်ခြင်းဟာ
လူသားဆန်လို့ လူအသတ်ခံရသတဲ့
တောင်းပန်ပါတယ်ဗျာ
လျော်စရာလည်း မဲ့ခဲ့ပါပြီ
တိုင်းပြည်ကိုချစ်လို့
နားထင်ကို သေနတ်နဲ့ တေ့ပစ်ခံရတယ်
ချစ်ခြင်းနဲ့ မတန်တဲ့လူတွေ
ကယ်တင်ဖို့ မထိုက်တဲ့လူတွေ
သေနတ်ကိုယ်စီနဲ့ မိစ္ဆာတွေ
#Credit::သက္က မိုးညို

0 comments:

Post a Comment