Pages

Friday, May 6, 2016

လှိုင်မြို့နယ်အတွင်းမှာ တက္ကစီငှားစီးတဲ့ အမျိုးသမီး တစ်ဦးကို မေ့ဆေးပေးပြီး ငွေကျပ်သိန်း (၇၀)ကျော် ခိုးယူ

RangonNewsDaily::Friday. 6 May. 2016
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်းမှာ တက္ကစီငှားစီးတဲ့ အမျိုးသမီး တစ်ဦးကို မေ့ဆေးပေးပြီး ငွေကျပ်သိန်း (၇၀)ကျော် ခိုးယူသွားတဲ့ အမှုတစ်ခု မေလ (၃)ရက်က ဖြစ်ပွားခဲ့ပါတယ်။

မေလ (၃)ရက် မနက် (၉) နာရီအချိန်ခန့်က လှိုင်မြို့နယ်နေ အသက် (၆၁)နှစ်အရွယ် အမျိုးသမီး ကြီးတစ်ဦးဟာ စမ်းချောင်းမြို့နယ် ပြည်လမ်းရှိ ရိုးမဘဏ်ကနေ ငွေကျပ် (၇၆)သိန်းခွဲထုတ်ယူခဲ့ပြီး ဘဏ်ကပြန်အထွက်မှာ တက္ကစီတစ်စီးကို ငှားခဲ့တယ်လို့ သိရပါတယ်။

တက္ကစီနောက်ခန်းအတွင်း ၀င်ထိုင်ခဲ့ရာမှာတော့ အမျိုးသမီးတစ်ဦးကို တွေ့ရတာကြောင့် မလိုက်လိုကြောင်းပြောခဲ့ပေမယ့် ယာဉ်မောင်းက ရှေ့မှာဆင်းမယ့်သူဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ခိုးယူခံရသူဟာ လှည်းတန်းမီးပွိုင့် မီးနီနေသည်အထိ သာသိရှိခဲ့ပြီ့း  သတိပြန်ရချိန်မွန်းလွဲ (၃)နာရီခန့်မှာတော့ လှိုင်မြို့နယ် တက္ကသိုလ်ရိပ်သာဝင်းအတွင်းသို့ ရောက်ရှိနေကာ ဘဏ်ကထုတ်လာ တဲ့ ငွေကျပ် (၇၆)သိန်းခွဲနဲ့ ရွှေဆွဲကြိုး ၁ ကျပ်ခွဲသား ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး ယာဉ်မောင်းနဲ့ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီးကို အရေးယူပေးဖို့ တိုင်ကြားခဲ့ပြီး လှိုင်မြို့မရဲစခန်းက ပြစ်မှုနံပါတ် (၃၈၂/၂၀၁၆) ပြစ်မှုပုဒ်မ (၃၇၉)အရ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။
5 Plus News, KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment