Pages

Friday, May 6, 2016

ထိုင်းနိုင်ငံ.ရနောင်းမြို့ .SIFCOအအေးခန်း တွင် အလုပ်လုပ်ကိုင်နေသောမြန်မာအလုပ် သမားများယာဉ်မတော်တဆမှု့ဖြစ်


RangonNewsDaily::Friday. 6 May. 2016
ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ကားတိုက်ခံရမှုကြောင့် သေဆုံးသူ မြန်မာရွှေ့ပြောင်းအလုပ်သမ အမျိုးသမီး ခြောက်ဦးအထိ ရှိလာပြီဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများက ထိုင်းအစိုးရအနေဖြင့် တရားမျှတစွာ အရေးယူဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ပြောကြားလိုက်သည်။  
ကားတိုက်ခံရမှုကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာပြီး ယခင် သေဆုံးခဲ့သည့် ငါးဦး၏ ရုပ်ကြွင်းများအား မေ ၄ ရက်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ ရနောင်းမြို့ စဖန်ပလားဆိပ်ကမ်းအနီးတွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက အလုပ်သွားရန် ကားစောင့်နေသည့် SIFCO ကုမ္ပဏီမှ မြန်မာအလုပ်သမ အမျိုးသမီးများအား ထိုင်းလူမျိုး တစ်ဦးမောင်းနှင်လာသည့်ကားမှ အရှိန်ဖြင့် လမ်းဘေးသို့ ၀င်ရောက်တိုက်သွားခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုကြောင့် ငါးဦးသေဆုံးခဲ့ပြီး ယခုအခါ သေဆုံးသူ ခြောက်ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ 





“အခု ညက မိန်းကလေးတစ်ဦး ထပ်ဆုံးသွားပါတယ်။ ခြောက်လောင်းမြောက်ပါ။ မဒီဒီအောင် (၂၅) နှစ်ပါ။ သူလည်း ထားဝယ်က လာတဲ့ ရွှေ့ပြောင်းအလုပ်သမလေးပါ။ အခု သေဆုံးတာ ခြောက်ဦး ရှိသွားပါပြီ။ ICU အရေးပေါ်အခန်းထဲမှာ ရှိနေတဲ့ တစ်ဦးလည်း အခြေအနေ ဆိုးနေတယ်။ မေ ၄ ရက်မှာ ငါးဦးကို မီးသင်္ဂြိုဟ်မယ်။ ညက ဆုံးသွားတဲ့ တစ်ယောက်ကတော့ ဆေးရုံမှာပါ။ ကျွန်တော်တို့ SIFCO ၀န်ထမ်းတွေအနေနှင့် ယာဉ်မောင်းသူကိစ္စကို သိချင်နေကြတယ်။ ဘယ်လို စီရင်ချက်ချပေးမလဲပေါ့။ နောက်ပြီး သေဆုံးသွားသူတွေကို နှစ်နိုင်ငံအစိုးရက ချမှတ်ထားတဲ့အတိုင်း အသက်လျော်ကြေးပေးဖို့၊ ယာဉ်မောင်းသူကို ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု SIFCO စက်ရုံမှ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။ 
 
လမ်းဘေးတွင် ကားစောင့်နေသည့် မြန်မာအလုပ်သမလေးများကို အစုအပြုံလိုက် ၀င်တိုက်သွားသောကြောင့် သေဆုံးသူ နှင့် ဒဏ်ရာရသူ များပြားခဲ့ပြီး ကားသမားမှာ ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ထွက်ပြေးသွားခဲ့သော်လည်း ထိုင်းရဲများက ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ 
 
“ကျွန်တော်တို့ ကားသမားကို ဒီနေ့ ဒီအချိန်အထိ မသိရသေးဘူး။ ရဲတွေကို မေးလိုက်ရင်လည်း ဝေေ၀၀ါးဝါးပဲ ပြန်ဖြေကြတယ်။ ထိုင်းက မီဒီယာတွေကလည်း ကားသမားကို မဖော်ပြကြဘူး။ ကျွန်တော်တို့ တရားမျှတမှုကိုပဲ လိုချင်ပါတယ်”ဟု ရနောင်းမြို့ရှိ လမ်းပြကြယ်အသင်းမှ ဦးကျော်မင်းထိုက်က ပြောကြားသည်။
 
ကားဘီးပေါက်ပြီး ယာဉ်တိုက်မှုဖြစ်သည်ဟု ထိုင်းရဲများက အကြောင်းပြထားသော်လည်း တကယ်တမ်းဖြစ်စဉ်တွင် ကြုံ တွေ့ခဲ့ရသည့် မျက်မြင်များ၏ ပြောကြားချက်များမှာ ကွဲလွဲနေကြောင်း သိရသည်။ 
 
“မေ ၂ ရက်က ဆေးရုံတင်ထားရတဲ့ သူတွေထဲမှာ ဒဏ်ရာနည်းတဲ့ ညီအစ်မနှစ်ယောက်ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်တယ်။ အိမ်ပေးပြန်တော့ သူတို့ကို ထိုင်းရဲတွေက စစ်ဆေးကြတယ်။ ကားတိုက်မှုမဖြစ်ခင်မှာ ကားဘီးပေါက်သံ ကြားရသလားလို့မေးတဲ့အခါမှာ မိန်းကလေးတွေက မကြားရကြောင်း ဖြေကြ တယ်။ ဒါကို ထိုင်းရဲတွေက မယုံဘူးလို့ ပြောတယ်။ တကယ်တော့ ကားက ၀င်တိုက်ပြီးမှ ဘီးပေါက်သွားတယ်လို့ မျက်မြင်တွေကပြောကြတယ်။ ကားက အလုပ်သမလေးတွေကို တိုက်ပြီး မြောင်းထဲ ထိုးကျတဲ့အချိန်မှ ဘီးပေါက်သွားတာလို့ ပြောကြတယ်။ ကျွန်တော်တို့ ကားသမားကို ဒီနေ့ဒီအချိန်ထိ မတွေ့ဖူးကြသေးဘူး”ဟု ရွှေ့ပြောင်းအလုပ်သမားများကိစ္စကို ကူညီပေးနေသည့် လမ်းပြကြယ်အဖွဲ့မှ ဦးကျော်မင်းထိုက်က ပြောကြားသည်။ 
ဇော်မိုးဦး (မြိတ်) Elevven  Media , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment