Pages

Friday, May 6, 2016

မြန်မာသံအမတ်များ ကိုယ့်နိုင်ငံသားများကို ကာကွယ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

RangonNewsDaily::Friday. 6 May. 2016
မြန်မာသံအမတ်များ ကိုယ့်နိုင်ငံသားများကို ပစ်မထား ဘဲ ကာကွယ်စောင့်ရှောက်ပေး ရန်နှင့် မြန်မာသံရုံးများသည် နိုင်ငံသားများ၏အားကိုးစရာ နေ ရာ ဖြစ်လာအောင် ဆောင်ရွက် ပေးရန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ညွှန် ကြားထားကြောင်း သတင်းရ ရှိသည်။

မြန်မာနိုင်ငံသားများသည် မြန်မာသံရုံးများအပေါ် မိမိ၏မိဘ အိမ်၊ အားကိုးစရာနေရာအဖြစ် ခံစားသံယောဇဉ်ဖြစ်စေရေး ခွဲ ခြားခြင်းမရှိဘဲ တွေ့ဆုံခြင်း၊ ဖိတ် ကြားခြင်းပြုလုပ်ကာ စုစည်း ဆောင်ရွက်ကြရန် ဒေါ်အောင် ဆန်းစုကြည်က သံအမတ်များ နှင့်တွေ့ဆုံစဉ် ညွှန်ကြားထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က မေလ ၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ပြည်ပနိုင်ငံများသို့ တာဝန် ပေးခံရမည့် သံအမတ်များနှင့် ဧပြီ၂၂ ရက်က တွေ့ဆုံစဉ် ညွှန်ကြား ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။ထို့ပြင် မြန်မာသံရုံးများသည် နိုင်ငံသားများအကျိုးကို ကာကွယ်မြှင့်တင်ခြင်းဖြင့် ပြည်ပရှိ မြန်မာ နိုင်ငံသားများ၏သိက္ခာကို မြှင့် တင်ပေးနိုင်ကြောင်း၊ ထိုသို့ကာ ကွယ်စောင့်ရှောက်ရာတွင် ပြဿ နာဖြစ်နေသူများ၊ ရာဇဝတ်မကင်းသူများကိုပင် ပစ်ပယ်မထားဘဲ ကူညီပေးရမည်ဖြစ်ကြောင်း ထပ် မံဖော်ပြထားသည်။

‘‘ထိုင်းနိုင်ငံကို ရောက်နေတဲ့ အလုပ်သမားပဲဖြစ်ဖြစ်၊ လာလည်တဲ့သူပဲဖြစ်ဖြစ် မြန်မာနိုင်ငံသား တွေကို ကာကွယ်ပေးဖို့ သံရုံးမှာ တာဝန်ရှိတယ်။ မေဒေးနေ့တုန်း ကလည်း သမ္မတကြီးက အဲဒီလို ညွှန်ကြားထားတယ်။ အလုပ်သ မားတွေအပေါ်မှာတော့ အလုပ် သမားတွေ အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံပေါ့နော်။ အဲဒါကို ပထ မဦးစားပေးလုပ်ပါတယ်။ ထိုင်းကနေ အဖမ်းအဆီးတွေ၊ ဘာတွေ မရှိအောင်ပေါ့နော်။ ပထမအဆင့်အနေနဲ့ ဒီမှာလုပ်လိုက်တဲ့အလုပ် က ထိုင်းမှာပေါ့ ဒီမှာ ဘတ်ကတ် လို့ခေါ်တဲ့ ပန်းရောင်ကတ်ပေါ့။ သက်တမ်းကုန်နေလို့ မြန်မာပြည် ပြန်ရမယ့်ပုံစံဖြစ်နေတယ်။ ဗီဇာ ကုန်တာပေါ့။ အဲဒါကို ထိုင်းနဲ့ညှိ ပြီးတော့ ဘတ်ကတ်ကို ဇူလိုင်အ ထိ လုပ်ပေးမယ်။ အဖမ်းအဆီး မရှိဘဲနဲ့ပေါ့။ ဒါက အလုပ်သမား တွေ လုံလုံခြုံခြုံရှိအောင် စီမံလိုက် တာပါ’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန် မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံသား အများ ဆုံးရောက်ရှိနေသော ထိုင်းနှင့် မလေးရှား နိုင်ငံတို့ရှိ သံရုံးများ သည် အဆိုပါနိုင်ငံများသို့ရောက် ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ် သားများအား ယခင်က ကာကွယ် ပေးမှုနည်းခဲ့သည်။
မြန်မာသံရုံးများ၏ ကူညီမှု များ မရှိသောကြောင့် ပြည်ပ ရောက် မြန်မာလုပ်သားများသည် သက်ဆိုင်ရာသံရုံးအပေါ် ဆန္ဒပြ ကန့်ကွက်မှုများ ပြုလုပ်လာသည် အထိ ဖြစ်ပေါ်ခဲ့သည်။
7Day, KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment