Pages

Friday, May 6, 2016

သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်


RangonNewsDaily::Friday. 6 May. 2016
သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် ယနေ့( မေ ၆ ရက်၊ နံနက် ၇ နာရီ) တွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သိရပါသည်။

အဆိုပါ ခရီးစဉ်မှာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ်ဗိုရာချစ်တို့က လာအို နိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်ရန် ဖိတ်ကြားအရ သွားရောက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ မေ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ချစ်ကြည်ရေး ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်နှင့် ပြည်ထောင်စု ၀န်ကြီးအချို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။


သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဒုတိယ သမ္မတများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ တို့ လိုက်ပါပို့ ဆောင်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း
EMG , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment