Pages

Thursday, June 11, 2015

အဘွားအိုနှစ်ဦး နေအိမ်အတွင်း အသတ်ခံရ

RangonNewsDaily:: June . 10 .2015
တာမွေမြို့နယ် ပုသိမ်ညွန့်(စံပြရပ်ကွက်) မလွှကုန်းလမ်းရှိ တစ်ထပ်အိမ် နှစ်ခန်းတွဲ ခြေရင်းခန်းနေအိမ်မှာ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က အပုပ်နံ့ရတာကြောင့် ဝင်ရောက်ရှာဖွေရာမှာ အသတ်ခံထားရတဲ့ အဘွားအိုနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ အဲ့ဒီလမ်းမှာ နေထိုင်တဲ့ သူတွေထံမှ သိရပါတယ်။
အဲ့ဒီ အသတ်ခံရတဲ့သူ နှစ်ဦးဟာ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးနဲ့ တူမတော်စပ်သူ အသက် ၆၂ နှစ်အရွယ် အဘွားအိုတစ်ဦးတို့ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ခြေထောက်ကို ကြိုးချည်ခံထားရကာ ဦးခေါင်းမှာ ဒဏ်ရာတွေနဲ့ ပုပ်ပွသေဆုံးနေတာကို တွေ့ရတာ ဖြစ်တယ်လို့ အဲ့ဒီလမ်းမှာ နေထိုင်သူတွေက ဆိုကြပါတယ်။
::
“သူတို့ တူဝရီးနှစ်ယောက်တည်း ငှားနေနေတာ နှစ်အစိတ်လောက်ရှိပြီ။ တနင်္ဂနွေနေ့ (ဇွန်လ ၇ ရက်နေ့) မနက်က ဈေးဝယ်ပြန်လာတာ၊ အိမ်မှာ တံမြက်စည်း လှဲနေတာတွေကို တွေ့တယ်။ ဒီနေ့ (ဇွန်လ ၉ ရက်နေ့) တော့ အသတ်ခံရတဲ့ အလောင်းတွေကို တွေ့တယ်” လို့ မလွှကုန်းလမ်းမှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။
::
အသတ်ခံရတဲ့သူတွေရဲ့ ဒဏ်ရာတွေနဲ့ သဲလွန်စတွေကို မှုခင်းတပ်ဖွဲ့ CID က စစ်ဆေးနေတယ်လို့ တာမွေမြို့မ ရဲစခန်းထံမှ သိရပါတယ်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment