Pages

Thursday, June 11, 2015

မန္တလေးမြို့မှ မြန်မာ့ဘောလုံးအသင်းအားပေးမှု


RangonNewsDaily:: June . 10 .2015
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မဟာနွယ်စဉ် အားကစားကွင်းတွင် ပေ ၃၀ x ၁၆ ပေရှိ LED ဘုတ်ကြီးဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် ယှဉ်ပြိုင်ကြသည့် မြန်မာနှင့် ကမ္ဘောဒီးယားအသင်းတို့ ပွဲစဉ်မှစတင်ကာ ပြသခဲ့ကြောင်းသိရသည်။







ယခင်က ၂၆လမ်း နန်းမြို့ကျုံးနံဘေး စည်ပင်သာယာရုံးကြီးထောင့်ရှိ LED ဘုတ်တွင်သာ အားပေးခွင့်ရခဲ့ရာ ယခုLED ဘုတ်အား မန္တလေးမြို့ရှိ တိုင်းဒေသကြီး အသံချဲ့စက် တီးဝိုင်းပစ္စည်း၊ ပြုပြင် ရောင်းဝယ်ငှား လုပ်ငန်းရှင်များ ကထိန်တော်အသင်းမှ စီစဉ်ပြသပေးခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားဘောလုံးအသင်း ဗိုလ်လုပွဲတက်ပါကလည်း ဆက်လက်ပြသပေးသွားမည်ဟု သိရသည်။ ပြသရာသို့ လာရောက်အားပေးသူများပြားခဲ့ပြီး ကုမ္ပဏီများမှလည်း အချိုရည်များ ဝေခြင်း၊ ကုန်ပစ္စည်းအရောင်းမြှင့်တင်ခြင်းများလည်း လာရောက်ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ − ညီညီဇော်
7Day News ::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment