Pages

Thursday, June 11, 2015

တက္ကသိုလ်ဝင်စာမေးပွဲ မွန်ပြည်နယ်က တစ်နိုင်ငံလုံး အောင်ချက် ဒုတိယ၊ မုဒုံမြို့နယ်က မွန်ပြည်နယ်မှာ အောင်ချက်ပထမ

RangonNewsDaily:: June . 10 .2015
၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း တွင် တစ်နိုင်ငံလုံး၏ အောင်ချက် ရာခိုင်နှုန်းမှာ ၃၇ ဒသမ ၆ဝ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် မွန်ပြည်နယ်သည် အောင်ချက် အမြင့်ဆုံး ဒုတိယရရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၃ ဒသမ ၄ဝ ဖြစ်ကြောင်းနှင့် မွန်ပြည်နယ် တစ်ခုလုံးတွင် မုဒုံ မြို့နယ်က အောင်ချက် အကောင်းဆုံး ပထမနေရာက ရပ်တည်ပြီး အောင်ချက် ရာခိုင်နှုန်းမှာ ၆၃ ဒသမ ဝ၈ ဖြစ်သည်။
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မုဒုံမြို့နယ်၌ ဖြေဆိုသူ ၁၈၅၈ ဦးအနက် အောင်မြင်သူ ၁၁၇၂ ဦး ရှိသည်။ ခြောက်ဘာသာ ဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၆၂ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၅ဝ၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၇၄ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၂၄၂ ဦး စုစုပေါင်း ဂုဏ်ထူး ရရှိသူ ၄၄၅ ဦးရှိသည်။ ယမန်နှစ် ၂ဝ၁၄ ခုနှစ်က မုဒုံမြို့နယ်၏ အောင်ချက် ရာခိုင်နှုန်းမှာ ၆ဝ ဒသမ ဝ၈ ဖြစ်ပြီး ယခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၆၃ ဒသမ ဝ၈ ဖြစ်ရာ ယမန်နှစ်ကထက် အောင်ချက် မြင့်မားခဲ့ကြောင်း သိရသည်။
::
မုဒုံမြို့နယ်က အောင်ချက် ပထမနေရာတွင် ရပ်တည် ရခြင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသည့် ကျောင်းသား ကျောင်းသူများအား ဆရာ ဆရာမများက အားနည်းသည့် ဘာသာရပ်များကို အချိန်ပို ခေါ်ယူ သင်ကြားပေးခြင်း၊ စာမေးပွဲကြီးပုံစံ လေ့ကျင့်ခန်း စာမေးပွဲများကို လစဉ် စဉ်ဆက်မပြတ် လေ့ကျင့် ဖြေဆိုစေခြင်း၊ ကျောင်းသား ကျောင်းသူများ အချင်းချင်း အပြန်အလှန် ဆွေးနွေး လေ့ကျင့်စေခြင်းနှင့် ပုံမှန် ကြိုးစား လေ့ကျင့်နေစေရန် မိဘသားချင်းများအား ညှိနှိုင်း ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ကိုချစ်(မုဒုံ)::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment