Pages

Tuesday, May 19, 2015

ရုပ်ရှင်ကားကြီးဖြစ်ရင် ပြီးရောဆိုပြီး ရိုက်နေ ရင် . . . ပရိသတ်ကြည့်ရ တာ အဆင်ပြေမှာ မဟုတ်ဘူး ဆိုတဲ့ပြေတီဦး


RangonNewsDaily:: May . 19 .2015
ပြေတီဦးက ဒါရိုက်တာ ကျော် ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ 'ပဲခူးဆားနဲ့ သူ၏ဗိုင်းရပ်စ်များ' ရုပ်ရှင်ဇာတ်ကားကို သရုပ် ဆောင် များစွာနဲ့ ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားက ဗီဒီယိုမှာလည်း ပရိသတ် ကြိုက်နှစ်သက်ခဲ့တဲ့ ဟာသဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ပုံဖော်ရိုက် ကူးတာဖြစ်ကြောင်း သိရပါတယ်။
ဒီရုပ်ရှင် ဇာတ်ကားမှာတော့ ပြေတီဦးနဲ့အတူ ကျော်ရဲ အောင်၊ ရာဇာနေဝင်း၊ ကိုပေါက်၊ စိုးမြတ်သူဇာ၊ ပက်ထရစ်ရှာ(စူးယှနိုင်) စတဲ့အနုပညာ ရှင်များစွာတို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ပရိသတ်တွေ ရယ်မော ပျော် ရွှင်စေနိုင်မယ့် ထူး ခြားတဲ့ ဟာသ ဇာတ်ကား အဖြစ် မြင်တွေ့ ကြရမှာပဲ ဖြစ်ပါ တယ်။

လက်ရှိမှာလည်း သုံးထပ်ကွမ်း အကယ်ဒမီဆုရှင်အဖြစ် ပိုင်ဆိုင်ထားတဲ့ ပြေတီဦးက သူရိုက်တဲ့ရုပ်ရှင်ဇာတ်ကားတွေကို သေသေ ချာချာ စနစ်တကျနဲ့ ပုံစံမတူအောင် ရွေးချယ်ရိုက်ကူးဖြစ်ကြောင်းကို..
"ကျွန်တော်ရိုက်တဲ့ ရုပ်ရှင် ကားတွေက တစ်ကားနဲ့တစ်ကား ပုံစံမတူအောင် တန်းစီရွေးထားပြီးသားပဲ။ အခုရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ နောင်ရိုက်မယ့်ရုပ်ရှင်ဇာတ်ကား ဆိုလည်း ပုံစံလုံးဝမတူဘူး။ ပထမဆုံးရိုက်တဲ့ ရာဇဝင်ရိုင်းသူများက ပုံစံတစ်မျိုးဖြစ်မယ်။ တကယ့်ကို ဒရာမာနဲ့၊Revenge နဲ့၊ တကယ်ကို Classic ဖြစ်မယ့် ဇာတ်ကား။ အဲဒီ နောက်မှာမှ TT & Donut ဇာတ် ကားက ရိုမန့်တစ်လေးနဲ့ ဖန်စီလေး။ အဲဒီမှာမှ အက်ရှင်ပါပါမယ်။ 

အခု ဒီရုပ်ရှင်ဇာတ်ကားကကျတော့ တကယ်ကိုရယ်ရမယ့် ရပ်ကွက်ထဲမှာဖြစ်တဲ့ဟာသ။ အဲဒီနောက်မှာတော့ သူဌေးကြီးတွေ တိုက်အိမ်ကြီး တွေထဲမှာ Classic ရှိရှိ လူကြီးတွေ ကြားထဲမှာဖြစ်တတ်တဲ့ ဒရာမာနဲ့ ရိုမန့်နဲ့ ဟာသနဲ့ရောတဲ့ ဇာတ်ကား။ အဲဒီနောက်မှာရိုက်မယ့် ရုပ်ရှင်ဇာတ်ကားက ကျတော့ ကျေးလက်မှာရှိတဲ့ ဘုန်းကြီး ကျောင်းသားတစ်ယောက်ရဲ့ ပုံစံမျိုး။ 

ကျွန်တော်ရိုက်မယ့် ရုပ်ရှင်ဇာတ်ကား တွေအားလုံးက ထွက်လာပြီဆိုတာနဲ့ တစ်ကားနဲ့တစ်ကား ပုံစံလုံးဝမတူဘဲ ကွဲပြားခြားနားပြီး ပရိသတ်ကြည့်ရတာ လုံးဝ ရိုးအီမသွားအောင် ဇာတ်ကားတွေကို ဟိုးအရင်ကတည်းက တန်းစီပြီး 
သေချာလေးရိုက်ခဲ့တယ်။ 

ဒါကြောင့်လည်း ပရိသတ်တွေက ကျွန်တော့်ဇာတ် ကားတွေ တော်တော်များများ အား ပေးမှုရခဲ့တာ လည်း အဲဒါတွေကြောင့် ပါပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ရင်ပြီးရောဆိုပြီး ရိုက်နေမယ်ဆို ရင်တော့လည်း ပရိသတ်ကြည့်ရတာ အဆင်ပြေမှာမဟုတ်ဘူးလေ။ ဒါကြောင့် သေချာစနစ်တကျ ရွေး ချယ်ရိုက်ကူးတာပါ" လို့ ရုပ်ရှင်ဇာတ်ကားတွေကို တစ်ကားနဲ့တစ်ကား ပုံစံမတူအောင် စနစ်တကျရွေးချယ် ရိုက်ကူးခဲ့တဲ့အကြောင်း ပြေတီဦးက ပြောပါတယ်။
Popular Journal , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment