Pages

Tuesday, May 19, 2015

မန်ယူ အသင်း ရဲ့ အပြောင်း အရွှေ့ သတင်း


RangonNewsDaily:: May . 19 .2015
မန်ချက်စတာယူနိုက်တက် အသင်း ဟာ အပြောင်းအရွှေ့ တံခါး မဖွင့်သေးပေမဲ့ မမ်ဖစ်ဒီပေး ကို ခေါ်ယူမှု ပြီးမြောက်ခဲ့ပါပြီ။
နည်းပြ လူးဝစ်ဗန်ဂါးလ် ရဲ့ အပြောင်းအရွှေ့ ဘတ်ဂျက် က လည်း ကြီးမားစွာ ရှိနေသလို သရဲနီ အသင်း ကလည်း လာမည့်နွေရာသီမှာ ငွေကြေးအမြောက်အများ အသုံးပြုသွားမည် ဖြစ်ပါတယ်။
နောက်ဆုံး ရရှိ တဲ့ သတင်းများ အရလည်း မန်ယူ အသင်းဟာ ကြီးမားတဲ့ ပြောင်းရွှေ့မှုများ အတွက် ပြောဆိုဆွေးနွေးနေပါတယ်။ပထမဆုံး အနေနဲ့ ဂိုးသမား ဒီဂီယာ သည် လာမည့်နွေရာသီ တွင် ရီးရဲမက်ဒရစ် သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း နည်းပြ လူးဝစ်ဗန်ဂါးလ် က အတည်ပြုပြောကြားခဲ့ပါတယ်။

"""တခြား အသင်းကြီး ကို သွားဖို့""" ဂိုးသမားမှာ အခွင့် အရေး ရှိနေပါတယ်လို့ ဗန်ဂါးလ် က ရှင်းပြခဲ့ပါတယ်။
သရဲနီတွေ အတွက်တော့ သတင်းဆိုးပါပဲ။

မန်ယူ အသင်း သည် ရိုးမား အသင်း ရဲ့ ထိပ်တန်း ကစားသမား နှစ်ယောက်ဖြစ်တဲ့ ရက်ဒ်ဂျာနိုင်ဂိုလန် နဲ့ မီရာလမ် ပျာနစ်ခ် တို့ ကို ပေါင် သန်း ၅၀ ဖြင့် အကဲစမ်းပြီး ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။ဗန်ဂါးလ် က လာမည့် နွေရာသီ တွင် 
အသင်း
ရဲ့ ကွင်းလယ် ကို အပြောင်းအလဲ လုပ်ရန် ဆန္ဒ ရှိနေပြီး စီးရီးအေ ကစားသမား နှစ်ယောက်ကို ခေါ်ယူရန် အဓိက ပစ်မှတ်ထားနေပါတယ်။ဒါဟာ ကြီးမားတဲ့ ပြောင်းရွှေ့မှု ဖြစ်လာပါလိမ့်မယ် လို့သိရပါတယ်။

ဝေးလ်တောင်ပံ ကစားသမား ဂါရတ် ဘေးလ် သည် နွေရာသီတွင် ရီးရဲမက်ဒရစ် အသင်း မှ ထွက်ခွာရန် သေချာသလောက် ရှိနေပြီး မန်ချက်စတာယူနိုက်တက် အသင်း ကလည်း ကမ္ဘာ့ ပြောင်းရွှေ့ကြေး စံချိန်ပေး၍ ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။

ဘေးလ် ၂၅ နှစ်သား သည် ပရီးမီးယားလိဂ် သို့ ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိပြီး သရဲနီ အသင်းကလည်း ဘေးလ် ကို ခေါ်ယူရန် ငွေကြေး အလုံအလောက် ရှိနေတယ်လို့ သိရပါတယ်။
Football Café , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment