Pages

Tuesday, May 19, 2015

မုတ်သုံလေအားကောင်းနေ၍ ပင်လယ်ပြင်တွင် လှိုင်းလေကြီးနိုင်

RangonNewsDaily:: May . 19 .2015
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေ၍ ကမ်းရိုးတန်းချင်းထိစပ်နေသည့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ပင်လယ်ပြင်တွင်လည်း လှိုင်းရော လေပါ ကြီးနိုင်ကြောင်း မိုး/ဇလဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

‘‘ပင်လယ်မှာ မုတ်သုံလေ အား အရမ်းကောင်းနေတယ်။ လေဖိအားနည်း ရပ်ဝန်းလည်း ဗြုန်းစားကြီး ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အချိန်ပြည့် စောင့်ကြည့်နေရတယ်။ ရခိုင်ပြည်နယ်မှာ လည်း မိုးကြီးမယ့် သတိပေးချက် ထုတ်ထားသလို ပင်လယ်ပြင် သတိပေးချက်လည်း ထုတ်ထား တယ်’’ဟု ဦးကျော်မိုးဦးက ပြော သည်။

နိုင်ငံတကာ မိုးလေဝသဌာန များ၏ သတင်းထုတ်ပြန်မှုများကို ကိုးကား၍ ဒေသတွင်း ရာသီဥတု သတိပေးချက်များ ထုတ်ပြန်ပေး နေသည့် Mm Weather Page ကလည်း မေလ ၁၈ ရက် မွန်းလွဲ ပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ် အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာနိုင်ပြီး အရှေ့ ဘက်သို့ ရွေ့လျားကာ မေလ ၁၉ ရက် နံနက်၌ ရခိုင်ကမ်းရိုးတန်း မြောက်ဘက် ကမ်းခြေအနီးသို့ ရောက်ရှိလာနိုင်ကြောင်း သတိပေးထားသည်။ 

ယင်းဖြစ်စဉ် ကြောင့် ကျောက်ဖြူမြို့နှင့် အနီး တစ်ဝိုက်၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်းအောက်ပိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် မိုးသက် လေပြင်းကျရောက်နိုင်ပြီး တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၄၀ မှ ၅၀ အထိ တိုက်ခတ်နိုင်သည်ဟု သတိ ပေးထားသည်။ မိုး/ဇလဌာနက မေလ ၁၉ ရက်အတွက် ခန့်မှန်း ချက်အနေဖြင့် မကွေးတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်မှလွဲ၍ ကျန်ဒေသများတွင် နေရာအနှံ့ မိုးရွာနိုင်ကာ ရခိုင်ပြည်နယ်၌မူ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကမ်းရိုးတန်းတစ်လျှောက် နှင့် ပင်လယ်ပြင်တွင်လည်း မိုး သက်လေပြင်းကျကာ တစ်နာရီ လျှင် လေတိုက်နှုန်း ၃၅ မိုင်မှ မိုင် ၄၀ အထိရှိနိုင်ကြောင်း သတိပေးထားသည်။ မေလ ၁၈ ရက်က မြန်မာနိုင်ငံ ဒေသအနှံ့ နေရာကွက် ၍ မိုးရွာခဲ့ကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က မိုးဦးလေဦးကျရောက်ချိန် သီးနှံများ မပျက်စီး မဆုံးရှုံးစေရန် အချိန်မီ ရိတ်သိမ်းပြီး အမိုးအကာ များအောက် အချိန်မီထားရန် သ တိပေးချက် ထုတ်ပြန်ထားသည်။

လက်ရှိအခြေအနေတွင်မြန်မာနိုင်ငံအောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ ဘင်္ဂလားပင် လယ်အော်မှ အနောက်တောင် မုတ်သုံလေ ဝင်ရောက်နေပြီဖြစ် ၍ ဒေသအနှံ့မိုးရွာနေကာ မေလ ၂၂ မှ ၂၄ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသဘက်မှ ကုန်းတွင်းမုန်တိုင်းတစ်လုံး ဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားသည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment