Pages

Saturday, January 24, 2015

တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် တစ်ကိုယ်တော်ဆန္ဒပြ


RangonNewsDaily:: January . 24 .2015
တောင်သူအမျိုးသမီး ကြီးတစ်ဦးသေနတ်ထိမှန်သေဆုံး ခဲ့ရသည်အထိ မြေယာပြဿနာ များမပြေမလည်ဖြစ်နေသည့် လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် အမျိုးသားတစ်ဦး ဇန်န၀ါရီ ၂၃ ရက်ညနေပိုင်းက တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုခဲ့သည်။

မုံရွာမြို့မှ ကိုရာဇာ(ခ)ကို ထွန်းလင်းဦးက တရုတ်ကောင် စစ်ဝန်ရုံးအနီးတစ်ဝိုက်တွင် ၁၀ မိနစ်အကြာ တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ၀မ်ပေါင် ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာ သွားရန်၊ ဦးပိုင်နှင့် တရုတ်စီမံ ကိန်းများ ရပ်တန့်ပေးရန်၊ တောင်သူလယ်သမားနှင့် ပြည်သူများကို ထောင်ချနေသော အစိုးရနုတ်ထွက်ပေးရန် စသည်တို့ကို ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

‘‘မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အထွေထွေနိုင်ငံရေးအကျပ်အ တည်းတွေကို ဖြေရှင်းပေးဖို့ ဆန္ဒ ထုတ်ဖော်တာဖြစ်ပါတယ်’’ဟု တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ သူ ကိုရာဇာ(ခ)ကိုထွန်းလင်းဦးက ပြောသည်။ မြန်မာ့နိုင်ငံရေးအ ကျပ်အတည်းအတွက် ဦးပိုင်၊ ၀မ် ပေါင်နှင့် လက်ပံတောင်းတောင် စီမံကိန်းသည် အဓိကအရေးကြီး ပြီး ၎င်းကိုဖြေရှင်းပေးရန်နှင့် လူထုလက်မှတ် ငါးသန်းကျော်ရရှိထား သော်လည်း ပုဒ်မ ၄၃၆ ပြင်ဆင် ရေးထိရောက်အောင် မ လုပ်နိုင် သည့် လွှတ်တော်ကိုလည်း ဆန္ဒ ပြခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ဇန်န၀ါရီ ၂၂ ရက် မွန်းလွှဲ ပိုင်းကလည်း မုံရွာမြို့ ချင်းတွင်း ရတနာဈေးအနီးတွင် တစ်ကိုယ် တော်ဆန္ဒထုတ်ဖော်ခဲ့သည်။

တစ်ကိုယ်တော်ဆန္ဒပြနေသူကို တွေ့ရစဉ် (ဓာတ်ပုံ - ဆူးရဲနီ)

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment