Pages

Saturday, January 24, 2015

ဆော်ဒီဘုရင် ဈာပန


RangonNewsDaily:: January . 24 .2015
နတ်ရွာစံသွားတဲ့ ဆော်ဒီအာရေးဗီးယားဘုရင် Abdullah ကို ဒီကနေ့ Riyadh မြို့မှာ မြေမြုပ်သင်္ဂြိုဟ်တဲ့ အချိန်မှာပဲ ကွယ်လွန်သူ အကိုဖြစ်သူ ဘုရင် Abdullah ရဲ့ မူဝါဒတွေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဘုရင်သစ် Salman Bin Abdul Aziz Al Saud က ကတိပြု ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အစောပိုင်းက နတ်ရွာစံသွားတဲ့ ဘုရင် Abdullah ရဲ့ ရုပ်အလောင်း ကိုတော့ အထင်ကရ သတ်မှတ်ထားခြင်း မရှိတဲ့နေရာမှာ ဒီကနေ့ ဂူသွင်း သင်္ဂြိုဟ်တာမှာ အာရပ်နဲ့ မူဆလင်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ နတ်ရွာစံသွားတဲ့ ဆော်ဒီအာရေးဗီးယား ဘုရင် Abdullah နေရာကိုညီဖြစ်သူ Salman နဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။
သက်ဦးဆံပိုင် ဘုရင်စံနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်တွေထဲက ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ဘုရင်တပါးလည်းဖြစ်၊ အမေရိကန်နဲ့ နှစ်ပေါင်းများစွာ မဟာမိတ်အဖြစ် ရပ်တည်ခဲ့တဲ့ ဘုရင် Abdullah ဟာ ဒီကနေ့ နတ်ရွာစံသွားခဲ့တာ ဖြစ်ပါတယ်။ ဘုရင် Abdullah ဟာ နတ်ရွာစံချိန်မှာ သက်တော် ၉၀ ရှိနေပြီး၊ အချိန်အတော်ကြာ ဖျားနာနေခဲ့တာလည်း ဖြစ်ပါတယ်။
ဆော်ဒီဘာရေးဗီးယားနိုင်ငံအနေနဲ့ သူ့ရဲ့ ဖအေတူ မအေကွဲ အကိုဖြစ်သူ ဘုရင် Abdulla လက်ထက်တုန်းက မူဝါဒတွေအတိုင်း ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်လို့ ဘုရင်သစ် Salman က ဒီကနေ့ တိုင်းပြည်ကို ရုပ်မြင်သံကြားက တိုက်ရိုက် ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ သူ ကတော့ သက်တော် ၇၉ နှစ်ရှိပြီလို့ ယူဆရပြီး အိမ်ရှေ့မင်းသားအဖြစ်နဲ့ရော၊ ကာကွယ်ရေး ၀န်ကြီးအနေနဲ့ပါ ၂၀၁၂ ခုနှစ်ကတည်းက တာဝန်ယူလာခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ဖအေတူ မအေကွဲ ညီတယောက်ဖြစ်တဲ့ မင်းသား Moqren ကိုတော့ အိမ်ရှေ့မင်းသားအဖြစ် အဆိုပြုထားပါတယ်။ ဘုရင် Abdullah နတ်ရွာစံသွားတဲ့ အတွက် ဆော်ဒီ တော်ဝင်မိသားစုနဲ့ ဆော်ဒီပြည်သူတွေနဲ့အတူ အမေရိကန်ပြည်သူတွေက ထပ်တူ ၀မ်းနည်း ကျေကွဲရပါကြောင်းနဲ့ သူ့ရဲ့ စိတ်မကောင်းဖြစ်မှုကို ဖော်ပြတဲ့ သ၀ဏ်လွှာကို အမေရိကန်သမ္မတ Barack Obama က ပေးပို့ခဲ့ပါတယ်။
ဆော်ဒီဘုရင်ဟာ ၂၀၀၆ ခုနှစ်ကစလို့ နန်းတက်ခဲ့တာဖြစ်ပေမဲ့၊ တကယ်တမ်းမှာတော့ သူ့ရဲ့ ဖအေတူ မအေကွဲ အစ်ကိုဖြစ်သူ ဘုရင် Faud လေဖြတ်ဝေဒနာ ခံစားနေရချိန် ၁၉၉၅ ခုနှစ်ကစလို့ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်
.
http://burmese.voanews.com/A/2610703.html
********************************
From dust to dust. King or pauper,
the final abode is the same:
Grave of the late Saudi King Abdullah
*********************************
Photograph: Reuters
(1) The new King of Saudi Arabia,
Salman bin Abdulaziz Al Saud.
(2) King Abdullah following his burial in Riyadh’s Al Oud cemetery on Friday.
(3) King Abdullah is carried out of the Imam Turki bin Abdullah Grand Mosque in Riyadh after funeral prayers. (SPA)
ဗွီအိုအေ (မြန်မာပိုင်း)
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment