Pages

Saturday, January 24, 2015

ဆော်ဒီအာရေးဗျ ဘုရင်ကြီးရဲ့နောက်ဆုံးခရီး ( 1924 - 2015)


RangonNewsDaily:: January . 24 .2015
ဆော်ဒီအာရေးဗျ ဘုရင်ကြီးရဲ့နောက်ဆုံးခရီး ( 1924 - 2015) ပုံရိပ်များကိုဖော်ပြပေးလိုက်ပါတယ်။
US$ 21 billions ချမ်းသာပြီးကမ္ဘာ့အချမ်းသာဆုံးတော်ဝင်မိသားစု ၁၀ စုအတွင်းစာရင်းဝင်သူ၊ကမ္ဘာ့ပါဝါအကြီး
ဆုံးခေါင်းဆောင်ကြီး ၁၀ ဦးအတွင်းအဆင့် ၈ မှာ စာရင်းဝင်သူ၊ကုန်းပေါ်မှာ ကမ္ဘာ့အကောင်းဆုံး Rolls Royce ကျည်ကာ ကားကိုစီးနင်းသူ၊

ခရီးဝေးသွားရင် ကမ္ဘာ့တန်ဖိုးအကြီးဆုံးပြင်ဆင်ထားတဲ့Boeing Jet လေယာဉ်ကြီးကိုစီးနင်းသူ။
နောက်ဆုံးခရီးစဉ်မှာတော့သားတော်တွေ၊ တူတော်တွေ အလှည့်ကျထမ်းပို့တဲ့
လူလေးဦးသာထမ်းလို့ရသောသစ်သားထမ်းစင်လေးပေါ်မှာ သူဝတ်ဆင်နေကျ ဆင်ဆွယ်ရောင်
ပိုးသား အပေါ်ဝတ်ရုံ ဂျုဗ္ဗာလေးတောင် ညီလုပ်သူကလွှမ်းခြုံပေးလို့ ပိတ်ဖြူပတ်ထားတဲ့
ခန္ဓာပေါ်မှာပါသွားရရှာသူ

ရေနံသူကြွယ်ကြီး ဆော်ဒီအာရေဗျပြည့်ရှင်အဗ္ဗဒွလ္လာရဲ့ နောက်ဆုံးစံမြန်းရာ သင်္ချိုင်းမြေပုံ။
ဗိမာန်မရှိ၊ အမှတ်တရထွင်းထုမှတ်တိုင်ကျောက်ပြားမရှိ၊၁ မီတာ x ၂ မီတာ x ၁ မီတာ မြေကျင်းထဲ
ရေချိုးသန့်စင်ကာ ပရုပ်မွှေးသာဖြန်းထားတဲ့ပိတ်သားဖြူဖြင့်ထုပ်ထားသော ခန္ဓာရုပ်ကလပ်ကို
အခင်းမရှိတဲ့မြေသားပေါ်ချ၊

မြေပေါ်က အာရေဗျနိုင်ငံသားတိုင်းအတွက်ရပိုင်ခွင့်ရှိတဲ့သံလွင်သား ၁၄ ပြားကိုအုပ်၊
အဲ့ဒီအပေါ်ကမှ တူးထားတဲ့မြေသားပြန်ဖို့၊ခေါင်းရင်းနဲ့ခြေရင်းမှာ သံလွင်သားမှတ်တိုင်တစ်ခုစီထိုးစိုက်။
ဒါပါပဲ.........

သူနဲ့အတူသယ်ယူသွားခဲ့တာကသူအသက်ရှင်စဉ်ကပြုခဲ့သောကမ္ဘာ့အနှံ့ကလူသားတွေဘယ်နေရာမှာဘေးတွေ့တွေ့
ချက်ချင်းပုံအောလှူဒါန်းခဲ့တဲ့........ဒါန၊

ကမ္ဘာမှာအဖိနှိပ်ခံ၊ အနှိပ်စက်ခံရလို့ထွက်ပြေးလွတ်မြောက်လာပြီးသူ့မြေပေါ်မှာ
လာရောက်ခိုလှုံသူတွေကို ကျွေးမွေးထားတဲ့......ဒါန၊ကမ္ဘာအရပ်ရပ်က အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်တွေ
တစ်နှစ်တစ်ခါ ဟာ့ဂ်ျပြုဖို့ရောက်လာကြရင်တစ်နှစ်ထက်တစ်နှစ်ကောင်းမွန်ပြည့်စုံတဲ့ဝန်ဆောင်မှုကိုခံစားရရှိင်
ဖို့တွေးတောကြံဆ ဖြည့်ဆည်းပေးတဲ့...ဒါန၊

သူ့နိုင်ငံသားတွေကိုဖိစီးနှိပ်စက်ကလူမပြုပဲသက်သာချောင်ချိ တိုးတက်ကြီးပွားစေကြောင်း
အမြဲတစေ နည်းလမ်းကြံဆကာကျောသားရင်သားမခွဲတဲ့တရားဥပဒေနဲ့အညီ
ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ခဲ့သော....သီလ၊ပြည်သူတွေရဲ့ သူ့အပေါ်ထားတဲ့မေတ္တာကြောင့်
လှိုက်လှဲစွာပို့သကြတဲ့......ဆုတောင်းမေတ္တာ၊ဒါတွေအပြင်....
ဘာတွေများ ထပ်သယ်သွားနိုင်ကြမှာမို့လဲဗျာ။

KOLATT(PBDN)
RangonNewsDaily















0 comments:

Post a Comment