Pages

Tuesday, December 9, 2014

ကိုယ်အရမ်းချစ်ရတဲ့သူတစ်ယောက်ဆိုတာ


RangonNewsDaily:: December . 9 .2014
ဘယ်လိုဂရုစိုက်မှုလေးတွေပဲဖြစ်ဖြစ် ပေးနေတဲ့အခါကိုယ့်အတွက်ပျော်ရွှင်နေတတ်သလို ဘယ်လိုအသေးအမွှား
ပြသနာလေးတွေဖြစ်ဖြစ် ကိုယ့်ကို ဝမ်းနည်းမှုတွေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေခဲ့တာပါ
ဘယ်လိုအားနည်းချက်လေးတွေရှိရှိ ကိုယ့်အတွက်နားလည်မှုလေးတွေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေတတ်သလို
ဘယ်လိုအခက်အခဲတွေပဲရှိရှိ သူ့နဲ့လမ်းခွဲလိုက်ရမှာကိုကြောက်နေမိခဲ့တာပါ

စိတ်ညစ်အားငယ်နေတဲ့အခါ သူ့ဆီကအားပေးမှုလေးတွေကို မျှော်လင့်နေမိသလို ကိုယ့်အပေါ်
အလေးအနက်ထားပေးတတ်တဲ့ သူ့ရဲ့စိတ်လေးတွေကိုလဲကိုယ့်ဘက်က ပိုင်ဆိုင်ခွင့်ရချင်နေမိခဲ့တာပါ

ဒီလိုပါပဲ …လူတစ်ယောက်ကိုအရမ်းချစ်မိတဲ့အခါကိုယ့်နဲ့ပါတ်သက်တဲ့အရာရာတိုင်းအပေါ် သူဆိုတဲ့
မျှော်လင့်ချက်တွေနဲ့ပဲ ကိုယ့်ရဲ့နေ့ရက်တွေကိုဖြတ်သန်းနေမိတတ်လာကြတာပါပဲ


KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment