Pages

Tuesday, December 9, 2014

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးအတွက် ရန်ကုန်မြို့တွင် ဆန္ဒပြ


RangonNewsDaily:: December . 9 .2014
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်
တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးအတွက်တောင်းဆိုဆန္ဒပြပွဲတစ်ခု ရန်ကုန်မြို့တွင် ဒီဇင်ဘာလ(၇)ရက်နေ့ ညနေပိုင်းကပြုလုပ်ခဲ့သည်။ လူဦးရေ တစ်ရာခန့်ပါဝင်သည့် ဆန္ဒပြသူများသည် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး ၊ အခြေခံဥပဒေပြင်ဆင်ပေးရေး ၊ ရွေးကောက်ပွဲကော်မရှင်အသစ်ပြန်လည်ဖွဲ့စည်းပေးရေးစသည့်တောင်းဆိုချက်များကို ဟစ်ကြွေးခြင်း ဆိုင်းဘုတ်ပိုစတာများကိုင်ဆောင်ကာ တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်များကို လှည်လည်ဆန္ဒပြခဲ့ကြသည်။

(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ) , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment