Pages

Tuesday, December 9, 2014

အမြန်လမ်းအရေးပေါ်နံပါတ် တယ်လီနော၊ အူရီးဒူးဖုန်းများနှင့် ဆက်မရနိုင်

RangonNewsDaily:: December . 9 .2014
ရန်ကုန်- ရန်ကုန်- မန္တလေးအမြန် လမ်းရှိ အရေးပေါ် Hot Line နံပါတ်မှာ အစိုးရပိုင်အော်ပရေ တာနှစ်ခုမှလွဲ၍ အခြားအော်ပရေတာများဖြင့်ခေါ်၍ မရသော ကြောင့် အမြန်လမ်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသော အခြားဖုန်း နံပါတ်များကို သိရှိထားရန်လိုအပ် ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။
အမြန်လမ်းအတွက် အရေး ပေါ် Hot Line 1880 မှာ Blue Ocean ကုမ္ပဏီပိုင် Call Center တစ်ခုဖြစ်ပြီး MPT နှင့် MEC အော်ပရေတာနှစ်ခုနှင့်သာ ချိတ် ဆက်ထားသောကြောင့် တယ်လီ နောနှင့် အူရီးဒူးဖုန်းလိုင်းများဖြင့် ခေါ်ဆို၍ မရပေ။ ထို့ကြောင့် အ ရေးပေါ်ခေါ်ဆိုရန် အမြန်လမ်း ရဲတပ်ဖွဲ့ ဖုန်းနံပါတ် များကို သိရှိ ရန်လိုအပ်ခြင်း ဖြစ်သည်ဟု၎င်းကဆိုသည်။

‘‘အမြန်လမ်းမှာ မတော် တဆ ဖြစ်ရင် 1880 ပဲသိနေတယ်။ အူရီးဒူးနဲ့ တယ်လီနောကိုင်တဲ့သူ အတွက် ဒုက္ခဖြစ်နိုင်တယ်’’ဟု ရဲမှူးကြီးနေဝင်းက ပြောသည်။

အမြန်လမ်းအရေးပေါ်ဖုန်း နံပါတ်များမှာ 4208444 -01 မှ 4208444-70 အထိ ၇၀ ရှိပြီးပြည်တွင်းမှ ဖုန်းအားလုံးဖြင့် ခေါ်ဆိုနိုင်သည်ဟု ၎င်းက ဆက်လက်၍ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အူရီးဒူးမြန်မာ၊ လူမှုဆက်ဆံရေး နှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက လက်ရှိတွင် BlueOcean ကုမ္ပဏီနှင့် ချိတ်ဆက် ဆောင်ရွက် သွားရန်ရှိကြောင်း၊ အူရီးဒူးဖုန်းလိုင်းများသည် အူရီးဒူး Call Center မှ လွဲ၍ မည်သည့် Hot Line ကိုမှ ခေါ်ဆိုနိုင်မည် မဟုတ်ကြောင်း ပြောသည်။

ယင်းသို့ခေါ်ဆို၍မရနိုင်ခြင်း မှာ Hot Line ဝန်ဆောင်မှုကုမ္ပဏီ ဖြစ်သော Blue Ocean နှင့်ချိတ် ဆက်ထားခြင်းမရှိခြင်းကြောင့် ဟု အူရီးဒူးနှင့် တယ်လီနော ကုမ္ပဏီနှစ်ခုလုံးမှ တာဝန်ရှိသူများက ဆိုသည်။

‘‘အမြန်လမ်းမှာ ကားပျက် လို့ အူရီးဒူးဖုန်းနဲ့ Call Center ကို ခေါ်တာ နံပါတ် မှားနေတယ်လို့ပဲ ပြောတယ်။ တခြား Call Center တွေခေါ်လို့မရတာ ကိစ္စမရှိပေ မယ့် ဒီလိုအရေးပေါ်ကိစ္စတွေကိုင် တွယ်တဲ့ Call Center ကို ပြည်တွင်းလိုင်းအားလုံး ခေါ်လို့ရအောင်လုပ်ထားသင့်တယ်’’ဟု အမြန်လမ်းတွင် ကားပျက်ဖူးသူကိုအောင်ကိုကိုက ပြောသည်။

ပြည်တွင်းရှိ 1876, 1875, 1880, 1877 စသည့် Hot Line ဝန်ဆောင်မှု Call Center အားလုံး မှာ Blue Ocean ကုမ္ပဏီပိုင်ဖြစ် ပြီး အူရီးဒူး၊ တယ်လီနော တို့နှင့် ဆက်သွယ်ချိတ်ဆက်ကာ ဝန် ဆောင်မှုပေးသွားမည်ဟု Blue Ocean တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

7 Day Daily , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment