Pages

Tuesday, December 9, 2014

သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်မီးလောင်မှုအား အမှုဖွင့်အရေးယူ


RangonNewsDaily:: December . 9 .2014
၈.၁၂.၂၀၁၄ရက်နေ့ ၁၁၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှတပ်ဖွဲ့
ဝင်များသည် သင်္ဃန်း ကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ (၅)လမ်းတွင်မီးလောင်
မှုဖြစ်ပွားကြောင်း သတင်းအရသွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ၁၁၂၀ အချိန်တွင် အဆိုပါလမ်းရှိ ပျဉ်ထောင်နှစ်ထပ်နေအိမ်အား ငှားရမ်းနေထိုင်
သူများဖြစ်ကြသည့် ဦးတင်ထူး၊ ဦးခင်မောင်ဌေးနှင့် ဦးသိန်းဆွေတို့ မှ မီးပေါ့ဆစွာသုံးစွဲမှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့
ရာ ကပ်လျက်ရှိ နေအိမ်အားမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ ပတ်ဝန်းကျင်နေပြည်သူများနှင့် မီးသတ်ယာဉ်များရောက်ရှိ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၁၅၅ အချိန်တွင် မီးငြိမ်းသွားကြောင်းသိရှိရသည်။


ယင်းသို့ မီးပေါ့ဆစွာသုံးစွဲသူ ဦးတင်ထူး၊ ဦးခင်မောင်ဌေးနှင့် ဦးသိန်းဆွေတို့ (၃)ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၅၃၉

/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police , 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment