Pages

Monday, November 10, 2014

ရန်ကုန်တိုင်း ပြင်ပမော်တော်ယာဉ်များ မြို့တွင်းနေထိုင် သည့်ရက်အလိုက် မြို့ဝင်ကြေးတွက် ချက်ကောက်ခံမည်

RangonNewsDaily:: November . 10 .2014
ရန်ကုန်မြို့တော်နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များသည် မြို့တွင်း ဝင်ရောက်သွားလာ နေထိုင်ခဲ့သည့် ရက်များအလိုက် သတ်မှတ်နှုန်း ထားများအတိုင်း ကျသင်မြို့ဝင်ကြေးအား တွက်ချက်ပေးဆောင်ရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အမိန့်ကြေညာစာ ထုတ်ပြန်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးပြင်ပမှ တစ်တန်မှ ငါးတန်အထက် မော်တော်ယာဉ်များသည် မြို့ တွင်း သွားလာနေထိုင်ခဲ့သည့် ကာလအတွက် ကျသင့်မြို့ဝင်ကြေးအား ၂၄ နာရီ တစ်ရက်နှုန်းဖြင့်ရက်အလိုက်တွက်ချက်ပေးဆောင်ရမည်ဟုသတ်မှတ်ခြင်းဖြစ် သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အထက်ပါအမိန့်ကြေညာစာ သတ်မှတ်ချက် ကို နိုဝင်ဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
::
မြို့ဝင်ကြေးပေးဆောင်ခြင်းမရှိသည့် မော်တော်ယာဉ်များအပြင် မြို့တော်စည်ပင်နယ်နိမိတ်ပြင်ပသို့ ပြန်လည်ထွက်ခွာသည့်အချိန်တွင်မြို့ဝင်ကြေးပေးဆောင် ထားသည့် သက်သေခံလက်မှတ် ပြသနိုင်မှုမရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက မြို့ဝင်ကြေးစတင်ကောက်ခံသည့် ရက်မှ စတင်ပြီး စစ်ဆေးတွေ့ရှိ သည့်ရက်အ ထိ သတ်မှတ်နှုန်းထားများအတိုင်း ရက်အလိုက် တွက်ချက်ကောက်ခံမည်ဖြစ်သည်။

မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက "ယာဉ်ကြောကျပ်တည်းမှုကို ဒီနည်းနဲ့ဖြေလျှော့ဖို့ လုပ်တာဆိုပေမယ့် မလွယ်လောက်ဘူး။ ရန်ကုန်မှာ နယ်လိုင်စင်နဲ့ ဝယ်ထားတဲ့ကားတွေကို ဘယ်လိုစာရင်းကောက်ယူမလဲ။ နယ်လိုင်စင်နဲ့တက္ကစီတွေက အများကြီးပဲ။ နယ်မှာဘယ်လိုတက္ကစီသွားဆွဲမ လဲ။ ဒါလည်း တက္ကစီနယ်လိုင်စင်တွေ ထုတ်ပေးခဲ့တာပဲ" ဟု သုံးသပ်သည်။
::
မြို့ဝင်ကြေးပေးဆောင်ထားသည့် သက်သေခံလက်မှတ်ပြသနိုင်ပါက မြို့ဝင်ကြေးပေးဆောင်ထားသည့် ရက်မှအပ ကျန်ရက်များအတွက် ရက်အလိုက်တွက် ချက် ပေးဆောင်ရမည် ဖြစ်ပြီး လိုအပ်ပါက တစ်လတာအတွက် ကြိုတင်ပေးဆောင်သည့် မြို့ဝင်ကြေး သတ်မှတ်လက်မှတ်ရယူကာ ထိန်းသိမ်းထားရှိရမည်ဟု အမိန့်ထုတ်ပြန်ထားသည်။
::
ခရီးသည်တင်ဘတ်စ်ကား၊ တပ်မတော်ပိုင်မော်တော်ယာဉ်၊ ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်၊ အရေးပေါ်လူနာတင်ယာဉ်၊မီးသတ်ယာဉ်၊ဌာနဆိုင်ရာ၊အစိုးရ၀န်ထမ်း ကြိုပို့ယာဉ်၊ ကုန်တင်ဆောင်လာသည့် ကုန်တင်ယာဉ်များကိုမူ မြို့တော်အတွင်း ၀င်ရောက်၊ ရပ်နား၊ မောင်းနှင်အသုံးပြုခြင်းအတွက် ကင်းလွတ်ခွင့်ပြု မည် ဖြစ် သည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment