Pages

Monday, November 10, 2014

ရန်ကုန်တွင် ဧည့်စာရင်းစစ်ရန် ညွှန်ကြားထား

RangonNewsDaily:: November . 10 .2014
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးတွင် ယခုရက်ပိုင်း၌ စီမံချက်ဖြင့် ဧည့် စာရင်းစစ်ဆေးသွားရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း ကမာရွတ် မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ရဲမှူးဇော်ဝင်းက ပြောသည်။
‘‘အဓိက, ကတော့ ဖောက်ခွဲ မယ်ဆိုတဲ့ သတင်းတွေလည်း ရ ထားတယ်။ ဘယ်သူတွေလုပ် မယ်ဆိုတာလည်း သတင်းအ ချက်အလက်တွေရထားပါတယ်။ နောက်ပြီးအာဆီယံအစည်းအ ဝေးလည်းရှိသလို အိုဘားမား လည်း မြန်မာပြည်လာမှာမို့ လုံ ခြုံရေးတိုးမြှင့်တာပါ’’ဟု ၎င်းက ဆိုသည်။

ရှေ့သီတင်းပတ်တွင် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများ နေပြည်တော်၌ ကျင်းပရန်ရှိပြီး ရန်ကုန်သို့ အမေရိကန်သမ္မတ အိုဘားမား လာရောက်ရန်ရှိနေချိန်တွင် ဧည့်စာရင်းစစ်ဆေးရန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးများက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စီစဉ် ညွှန်ကြားထားကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးများကပြောသည်။
::
‘‘ဧည့်လုံခြုံရေးကို အဖွဲ့စုံနဲ့ စစ်ဆေးသွားမယ်။ စစ်ဆေးမယ့်အဖွဲ့တွေထဲမှာ မီးသတ်၊ ရဲ၊ လ၀က၊ မြို့နယ်ထွေအုပ်၊ ရပ်မိ ရပ်ဖ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါမှာပေါ့။ ဒီလိုပုံစံစစ်တာက တော့ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ လာတဲ့အခါမှာတော့ စစ်ပါတယ်’’ ဟု စမ်းချောင်းမြို့နယ်သံတံတား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော် ၀င်းခိုင်ကဆိုသည်။

ရပ်ကွက်အချို့တွင် နိုဝင် ဘာ ၇ ရက် ကမာရွတ်မြို့နယ် အမှတ် (၉) ရပ်ကွက်တွင် ဧည့်စာရင်းများစတင်စစ်ဆေးနေကြောင်း၊ အချို့မြို့နယ်များတွင်မူ ဧည့်စာရင်း တိုင်ကြားရန် လိုက်လံနှိုးဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
::
အခြားမြို့နယ်များတွင် ဧည့် စာရင်း စစ်ဆေးရန် ကြေညာခြင်းများ ပြုလုပ်နေသော်လည်း မြောက်ဥက္ကလာပ၌ ကြေညာ ခြင်းမရှိသေးကြောင်း ယင်းမြို့ နယ်တွင် နေထိုင်သူ ကိုညီညီက ပြောသည်။

‘‘ကျွန်တော်တို့ရပ်ကွက်ထဲ မှာတော့ လိုက်ပြီးအော်တာတို့၊ ဧည့်စာရင်းတိုင်ဖို့ပြောတာတွေ တော့ မရှိသေးပါဘူး။ရပ်ကွက်ရုံး ရှေ့မှာတော့ ဧည့်စာရင်းတိုင်ဖို့ အတွက် ဆိုင်းဘုတ်တင်ထားတာ တော့ရှိတယ်။ အသစ်ပြောင်းတဲ့ သူတွေတော့ တိုင်ကြားတာတော့ တွေ့ပါတယ်’’ဟု ၎င်းကဆိုသည်။
::
‘‘တစ်နေရာကနေ တစ်နေ ရာပြောင်းအိပ်ရင် ဧည့်စာရင်း တိုင်ခိုင်းရတာက ပြစ်မှုတစ်ခုခု ကျူးလွန်သည်ဖြစ်စေ၊ ကျူးလွန် ခံရသည်ဖြစ်စေ သူ့နေရပ်လိပ်စာရှိတဲ့အခါကျတော့ သူ့အတွက် လိုအပ်လို့ အကြောင်းကြားပေးရ မယ်ဆိုရင် လွယ်ကူတာပေါ့။ ဒီလိုမှမဟုတ်ရင်တော့ ရှာဖွေရတာ မလွယ်ဘူး။ ဧည့်စာရင်းတိုင်ဖို့ လည်း ဘာမှမခက်အောင် စီစဉ် ပေးနေပါတယ်’’ဟု ကမာရွတ် မြို့နယ်အမှတ်(၇) ရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးအေးသန်းကဆို သည်။
::
ဧည့်စာရင်း စစ်ဆေးသည့် အခါတွင်လည်း ဧည့်စာရင်းတိုင် ကြားခြင်း မရှိသူများကို ဖမ်းဆီးခြင်း၊ ဒဏ်ရိုက်ခြင်းများကို ပြုလုပ်ခြင်းမရှိဘဲ ဧည့်စာရင်းတိုင်ကြားရန်သာ နားလည်အောင်ရှင်းပြပေးနေပြီး ပြည်သူများကလည်း နားလည်သဘောပေါက်ကာ ၀ိုင်းဝန်းကူညီစေချင်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများကပြောကြားသည်။

7daydaily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment