Pages

Monday, November 10, 2014

Bi မွန်းတည့်နေဂျာနယ်အမှု ပြင်ဆင်ချက် လျှောက်ထားမည်

RangonNewsDaily:: November . 10 .2014
နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခြင်း ခံရသည့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူနှစ်ဦး၊ အယ်ဒီတာနှစ်ဦးနှင့် သတင်းထောက်တစ်ဦး၏ အမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ နိုဝင်ဘာ ဒုတိယ
ပတ်အတွင်း ပြင်ဆင်မှု တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါအမှုနှင့် ပတ်သက်၍ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ
များထံမှ သိရသည်။
ပြင်ဆင်မှုတင်နိုင်ရန် အချက်အလက်များ စုဆောင်းနေကြောင်း၊ Bi မွန်းတည့်နေ ဂျာနယ်ပိုင်ရှင် ဦးကျော်မင်းခိုင်နှင့် အယ်ဒီ
တာ ဦးဝင်းတင်တို့၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက ဆိုသည်။

ပန်းဘဲတန်းမြို့နယ် တရားရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်တွင် မည်သည့်အကြောင်းကြောင့် ထောင်ဒဏ်နှစ်ပြည့် ချမှတ်
သည်ကို ရှင်းပြမထားသည့် အချက်အပေါ် ထောက်ပြကာ ပြင်ဆင်မှုကို တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော
ဆိုသည်။
::
“အမိန့်ချတာ တရားရုံးနဲ့ဆိုင်တယ်။ ကျွန်တော်က လိုအပ်ချက်ကို ထောက်ပြမှာပါ” ဟုဦးကျော်ဝင်းကဆိုသည်။ပြစ်ဒဏ်
ကို ပြင်ဆင်ပေးရန် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တင်ပြရန် ပြုလုပ်နေပြီး မီဒီယာဥပဒေမှာ လက်ရှိတွင် အသက်ဝင်နေပြီ ဖြစ်၍ မီဒီယာဥပဒေ အတိုင်းသာ အရေးယူရန် တင်ပြမည် ဖြစ်ကြောင်း၊ တာဝန်ခံအယ်ဒီတာ ဦးသူရအောင်၊ ထုတ်ဝေသူ ဦးယဉ်မင်းထွန်းနှင့် သတင်းထောက် ဦးမင်းဝဿန်တို့၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးစန်းမြင့်က ပြောကြားသည်။
::
ချမှတ်သည့် ပြစ်ဒဏ်များမှာ များလွန်းပြီး ဆီလျော်သော ပြစ်ဒဏ်တစ်ခုကို ချမှတ်ပေးရန် ပြင်ဆင်ချက် တင်ပြရာတွင် ပါဝင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ပြစ်ဒဏ်ကို လျှော့ချပေးရန် မျှော်လင့်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
::
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ ခေါင်းဆောင်များကို ကြားဖြတ်အစိုးရ တင်မြှောက်သည့် ထုတ်ပြန်ချက်သတင်းကို ဖော်ပြခဲ့သည့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာနှင့် သတင်းထောက်များကို ပန်းဘဲတန်းမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အောက်တိုဘာလ ၁၆ ရက်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး အမှုအတွက် အယူခံကို အနောက်ပိုင်းခရိုင် တရားရုံးက အောက်တိုဘာလ ၂၇ ရက်တွင် ပယ်ချခဲ့သည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment