Pages

Monday, November 10, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၈/၂-၃)ကြားတွင် ဘီးပေါက်ပြီး အရှိန်မထိန်းနိုင် သောယာဉ် လမ်းဘေးကုက္ကိုပင်အား ဝင်ရောက်တိုက်မိ တိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ


RangonNewsDaily:: November . 10 .2014
၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ရ ရက်နေ့ ညနေ ၅ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၈/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ဘုရားကြီးကျေးရွာမှ မိတ္ထီလာ မြို့သို့ ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာနေ မြင့်လှိုင်(၅ဝ)နှစ် မောင်းနှင်လာသော 6E/**** ဟိုင်းလပ် SURF ခဲရောင်ယာဉ်မှာ ဝဲဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ်ရှိ ကုက္ကိုပင်အားဝင်ရောက်တိုက်မိကာ ရေမြောင်းအတွင်းသို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
::
ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် ယာဉ်မောင်း မြင့်လှိုင်နှင့် ယာဉ်ပေါ်ပါ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နေ ဒေါ်မိုးမိုးဦး(၃၈)နှစ်၊ ပဲခူးမြို့နယ်၊ ဘုရားကြီးကျေးရွာနေ မခင်ပြည့်စုံနိုင်(၂)နှစ်နှင့် တစ်ရွာတည်းနေ မသီရိမွန်(၂၉)နှစ်တို့ ၄ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဖဒိုတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ရာ ဒေါ်မိုးမိုးဦးနှင့် မခင်ပြည့်စုံနိုင်တို့ ၂ ဦးမှာ ဆေးရုံသို့အရောက်၌ သေဆုံးသွားခဲ့ သောကြောင့် မြင့်လှိုင်အား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၅၃/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/ ၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment