Pages

Monday, November 10, 2014

တောင်ငူ ကေတုမတီ ၅၀၄ နှစ်ပြည့်ပွဲတော်.


RangonNewsDaily:: November . 10 .2014
ကေတုမတီ မြို့တည်နန်းတည် ၅၀၄ နှစ်ပြည့် ပွဲတော်နောက်ဆုံးနေ့ကို (နိုဝင်ဘာ ၆) နံနက်ပိုင်းက တောင်ငူမြို့မှာ ဝင်းခင်းသဘင် အစီအရင်တွေနဲ့ ဆင်ယင် ကျင်းပခဲ့ပါတယ်။
မင်းကြီးညိုနဲ့ မိဖုရားတို့က ဦးဆောင်ပြီးတော့ ဘုရင့်နောင်နဲ့ မိဖုရား၊ မင်းသား မင်းသမီးတွေ၊ ဆင် ၅ ကောင်၊ မြင်း အကောင် ၃၀ ကျော် အပါအဝင် တပ်ဗိုလ်တပ်မင်း နန်းတွင်းသူ အဝတ်အစားတွေ ဝတ်ဆင်ထားသူ ၃၀၀ နီးပါး လိုက်ပါခဲ့ပါတယ်။ 


သက္ကရာဇ် ၈၇၂ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့မှာ မဟာသီဟသူရ ဘွဲ့အမည်ခံ တောင်ငူဘုရင် မင်းကြီးညို စတင်တည်ထောင်ခဲ့တဲ့ ကေတုမတီ ထီးနန်း ဟာ ၂၀၁၄ ခုနှစ်မှာ နှစ်ပေါင်း ၅၀၄ နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

 တောင်ငူ ကေတုမတီ မြို့တည်နန်းတည် ပွဲတော်ကို ၂၀၁၁ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး ဒီနှစ်ကတော့ လေးကြိမ်မြောက် ဖြစ်ပါတယ်။

The Voice , 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment