Pages

Wednesday, November 5, 2014

အိုဘားမားခရီးစဉ်အတွင်း လိုက်ပါမည့် သတင်းထောက်များ၏ လေယာဉ်ခရီးစဉ်ကုန်ကျစရိတ် ကန်ဒေါ်လာ ၆၈,၇၀၀ ရှိ

RangonNewsDaily:: November . 4 .2014
လာမည့် သီတင်းပတ် တွင် အာရှနှင့် သြစတြေးလျဒေသ သို့ သွားရောက်မည့် အမေရိကန် သမ္မတ၏ ခရီးစဉ်၌ လိုက်ပါသတင်းယူကြမည့် သတင်း ထောက်များအနေဖြင့် လေယာဉ် ခရီးစဉ်များအတွက် ဒေါ်လာ ၆၈,၇၀၀ ကုန်ကျမည်ဖြစ်သည်။
ကန်သမ္မတသည် သြစတြေး လျ၊ တရုတ်နှင့် မြန်မာနိုင်ငံများ သို့ ကိုးရက်တာ ခရီးထွက်မည်ဖြစ်ရာ အမေရိကန်သတင်းမီဒီယာ ကြီးများမှ သတင်းထောက်များ သည် စင်းလုံးငှားလေယာဉ်ဖြင့် သမ္မတနောက်မှလိုက်၍ သတင်း ရယူကြမည်ဖြစ်သည်။

စင်းလုံးငှားလေယာဉ် ခရီး စဉ်များအတွက် ကုန်ကျစရိတ်မှာ တုန်လှုပ်ချောက်ချားဖွယ် ဖြစ် သည်ဟု ကန်သတင်းမီဒီယာများ က ဖော်ပြခဲ့ကြသည်။

သတင်းထောက်များအတွက် စားသောက်စရိတ်၊ နေထိုင်စရိတ် နှင့် လိုအပ်သည့် အခြားသော အ သုံးအဆောင် ပစ္စည်းစရိတ်မှာ ဒေါ်လာ ၁၀,၀၀၀ ထပ်မံကုန်ကျ နိုင်သည်ဟုလည်း သိရသည်။

ယင်းခရီးစဉ်များကို စီစဉ် သည့် အိမ်ဖြူတော်သတင်း ထောက်များအဖွဲ့က ကုန်ကျ စရိတ်များမှာ အလွန်ကြီးမား ကြောင်း ဝန်ခံခဲ့သော်လည်း ယင်း သို့ စရိတ်များပြားရခြင်းမှာ သတင်းမီဒီယာအဖွဲ့ဝင် ၅၁ ဦးသာ လိုက် ပါရန် စာရင်းပေးခဲ့သောကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

လေယာဉ်စင်းလုံးငှားစရိတ် ကို အညီအမျှပေးဆောင်ရချိန် တွင် ခရီးစဉ်၌ လိုက်ပါသူနည်းပါး သောကြောင့် ကုန်ကျစရိတ်များ သွားရခြင်း ဖြစ်သည်ဟု အိမ်ဖြူ တော် သတင်းထောက်များအဖွဲ့ က ပြောကြားခဲ့သည်။

ကန်သတင်းမီဒီယာကြီးများ က ၎င်းတို့၏ သတင်းထောက်များ စေလွှတ်မည်ဟု ပြောကြားထား သော်လည်း စေလွှတ်မည့် သတင်း ထောက်ဦးရေကို လျှော့ချခဲ့သည် ဟု သိရသည်။

သမ္မတအိုဘားမား တာဝန် ထမ်းဆောင်ရသည့် သက်တမ်း ကုန်ဆုံးချိန်မှာ နီးကပ်လာပြီဖြစ် သောကြောင့် သတင်းထောက် များ စိတ်ဝင်စားမှု နည်းပါးလာ ခြင်းလည်း ဖြစ်သည်ဟု ခန့်မှန်း ကြသည်။

Ref: Telegraph , 7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment