Pages

Wednesday, November 5, 2014

ကမ္ဘာပတ်ခဲ့တဲ့ Made in Myanmar ဖက်ရှင်ဒီဇိုင်းတွေ ၂ဝ၁၅အတွက်မိတ်ဆက်


RangonNewsDaily:: November . 4 .2014
အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ၂ဝ၁၅ ဆောင်းနဲ့နွေရာသီ ဖက်ရှင်ဒီဇိုင်းဝတ်စုံတွေကို ရန်ကုန်မြို့ လမ်းသစ်ကူးတို့ဆိပ်က TS.1 ပြခန်းမှာ နိုဝင်ဘာ ၁ရက်နေ့က မိတ်ဆက်ပြသခဲ့ပါပြီ။ အသင့်ဝတ် Mon Precieux New York တံဆိပ်ကို တီထွင်တဲ့ ဖက်ရှင်ဒီဇိုင်နာက ဘယ်သူလဲ။
Mon Precieux New York ဖက်ရှင်ကို ၂ဝ၁၃မှာ စတင်မိတ်ဆက်ခဲ့ပြီး မြန်မာပြည်မှာ ပထမဆုံး ပြသတာဖြစ်သလို စင်္ကာပူနဲ့ ပဲရစ်မှာ မိတ်ဆက်ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီဇိုင်နာ မိုဟွန်းရဲ့ ၂ဝ၁၁ ဆောင်းဦးနဲ့ဆောင်းရာသီ ဖက်ရှင်တွေကို နယူးယောက်မှာ ပြသခဲ့သလို ၂ဝ၁၂ ဒီဇိုင်းဖက်ရှင်တွေကိုလည်း နယူးယောက်မှာပဲ ထပ်ပြခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ မိတ်ဆက်ပြသတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လာမယ့်နှစ်ဆောင်းနဲ့ နွေရာသီအတွက် ဖက်ရှင်ရေစီးကြောင်းကို ကျား/မနဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်မိတ်ဆက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမှတ်တံဆိပ်ဟာ မြန်မာပြည်မှာလုပ်တဲ့ Made in Myanmar ဖြစ်တာမို့ ပြည်တွင်းဖြစ်ကို အားပေးစေဖို့အတွက် ရည်ရွယ်တယ်လို့ ရှမ်းတိုင်းရင်းသူ ဖက်ရှင်ဒီဇိုင်နာ မိုဟွန်းက ပြောပါတယ်။


မိုဟွန်းဟာ သူ့ရဲ့မွေးရပ်ဇာတိ ရှမ်းပြည်နယ်က မိန်းကလေးငယ်တွေကို နည်းပညာဆိုင်ရာ အရည်အချင်းတွေ တိုးတက်လာဖို့ လေ့ကျင့်ပေးရေး စိတ်အားထက်သန်နေပြီး ၂ဝ၁၅ကျရင် ရှမ်းပြည်မှာ Lotus Hom Foundation ကို ထူထောင်ပြီး လက်ဖက်စိုက်ခင်းတွေမှာ ဇိမ်ခံဟိုတယ်တစ်ခု ထူထောင်ဖို့ အိပ်မက် မက်နေသူ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။


သူဟာ ရှမ်းပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ လူကုန်ကူးခံရမှုကို တားဆီးနိုင်ဖို့အတွက် ဖက်ရှင်ဒီဇိုင်းက ရရှိတဲ့ ဝင်ငွေတွေကို အသုံးပြုပြီး ဒေသအတွက် ပြန်လည်အကျိုးပြုဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။


KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment