Pages

Wednesday, November 5, 2014

မန္တလေး-စစ်ကိုင်း လမ်းဘေးရှိ ကျူးကျော်နေအိမ်များ ဖယ်ပေးရန် စည်ပင်မှခေါ်ပြော

RangonNewsDaily:: November . 4 .2014
မန္တလေး-စစ်ကိုင်း လမ်းဘေးရှိ ကျူးကျော်နေအိမ်များအား မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီတွင် နောက်ဆုံးထားဖယ်ရှားခိုင်းရာ နေထိုင်သူများမှ ဖယ်ရှာမပေးသောကြောင့် စည်ပင်သာယာရေးကော်မတီမှ ၎င်းတို့အား မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ချမ်းမြသာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူညှိနှိုင်းခဲ့သည်။
"ကျွန်တော်တို့က လမ်းမြေပေါ်ကျူးလို့ နည်းဥပဒေတွေအရ ဖယ်ရှားခိုင်းတာပါ။ အရေးယူမယ်ဆိုရင် နစ်နာမယ်။ မိမိအစီအစဉ်နဲ့ အမြန်ဆုံး ဖယ်ရှားပေးပါ။ နိုင်ငံသားတိုင်း ဥပဒေရဲ့အကာအကွယ်ကို ရယူနိုင်ပါတယ်။ ဒါပေမယ့် ဥပဒေကို လေးစားလိုက်နာရပါမယ်။ အခုလိုဖယ်ရှားခိုင်းတာ လမ်းပိတ်ဆို့မှုတွေ ပြေလည်သွားအောင်ပါ "ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးခင်မောင်တင် က ပြောသည်။

အဆိုပါကျူးကျော်နေထိုင်သူများအား ၂၀၀၇ ခုနှစ်မှ စတင်၍ ဖယ်ရှားပေးရန် စည်ပင်သာယာရေး ကော်မတီမှ အကြိမ်ကြိမ် အကြောင်းကြားစာများ ပို့ခဲ့ပြီး မလိုက်နာသောကြောင့် အောက်တိုဘာ ၃၁ ရက်တွင် ကျူးကျော်နေထိုင်သူများအား ကျွန်းလုံးဥသျှောင်ရပ်ကွက်ရုံးသို့ ခေါ်ယူ၍ နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီ နောက်ဆုံးထားဖယ်ရှားပေးရန် ပြောဆိုခဲ့သည်။
::
"ကျွန်တော်တို့ ဖယ်မပေးနိုင်ဘူး။ လမ်းချဲ့တိုင်း နောက်ဆုတ်ပေးခဲ့ရတယ်။ အခုလည်း လမ်းနဲ့အလွတ်ကြီးပဲ။ ဒါကို ဒီနားက ကျွန်တော်တို့ ကိုးအိမ်ကိုပဲ ကွက်ပြီးဖျက်ခိုင်းတာကြတော့ နားမလည်ဘူး။ ဖျက်ရမယ်ဆိုရင်လည်း တပြေးညီပေါ့။ ဒီမှာနေလာတာ အားလုံးက အနှစ် ၈၀ အနှစ်၁၀၀ ရှိနေကြပြီ အဲလိုနေတဲ့သူတွေကို ကျူးဆိုပြီး ဖယ်ခိုင်းနေတာကတော့ သက်သက်မဲ့အနိုင်ကျင့်တာပဲ။"ဟု အဆိုပါနေရာတွင် နေထိုင်သူတစ်ဦးဖြစ်သူ ဦးမျိုးမင်းသန်းက ပြောသည်။

အဆိုပါ နေထိုင်သူများသည် အိမ်ခွန်မြေခွန်များ ခေတ်အဆက်ဆက် ပေးဆောင်နေထိုင်ခဲ့ကြပြီး အချို့မြေနေရာများသည် ဂရန်များပေါက်သည်။ ဂရမ်မြေချထားပေးရန်အတွက် ငွေပေးသွင်းထားပြီးဖြစ်သည်ဟု ကျူးကျော်ဟု သတ်မှတ်ခံထားရသူ ဦးမျိုးမင်းသန့် က ပြောသည်။
::
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှ အတွင်းရေးမှူး ဦးခင်မောင်တင် ကမူ "လမ်းမြေက ဂရန်ချပေးလို့မရပါဘူး။ ချပေးတာရှိထားရင် ပြန်လည်စိစစ်ပေးမယ်။" ဟုပြောသည်။
::
ကျူးဟုသတ်မှတ်ခံထားရသူများသည် ဖယ်ရှားခြင်းမပြုဘဲ သမ္မတထံ အသနားခံစာတင်သွား
မည်ဟုဆိုသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment