Pages

Sunday, November 2, 2014

ဒေးဗစ်ဆေးလ်ဗား ဒါဘီပွဲတွင် မပါနိုင်ဘဲ သုံးပတ်နားရမည်


RangonNewsDaily:: November . 2 .2014
မန်ချက်စတာ− နယူးကာဆယ်နှင့် လိဂ်ဖလားပွဲတွင် ဒူးအရွတ်ဒဏ် ရာ ရရှိခဲ့၍ ဒေးဗစ်ဆေးလ်ဗား သီ တင်းသုံးပတ် နားရမည်ဟု မန်စီး တီးနည်းပြ ပယ်လီဂရီနီက အ တည်ပြုလိုက်သည်။
ကက်ပီတယ်ဝမ်းဖလားဟု လည်း လူသိများသော ပြိုင်ပွဲ၌နယူးကာဆယ်ကို ၂-၀ ဂိုးဖြင့်ရှုံး နိမ့်ခဲ့သောပွဲတွင် ပွဲချိန် ၉ မိနစ်မှာပင် ဒဏ်ရာကြောင့် ထွက်သွားခဲ့ရသော ဒေးဗစ်ဆေးလ်ဗားကို ယမန်နေ့က ဓာတ်မှန်ရိုက်ခဲ့သည်။

ဆေးလ်ဗားမှာ ယင်းဒဏ်ရာကြောင့် တနင်္ဂနွေနေ့ မန်ယူနှင့် ဒါဘီပွဲတွင် ပါဝင်နိုင်မည်မဟုတ် ဘဲ ရှေ့သီတင်းပတ် CSKA မော်စကိုနှင့် ချန်ပီယံလိဂ်ပွဲကိုလည်း လွဲချော်တော့မည်ဖြစ်သည်။ ‘‘ဒေးဗစ်ဟာ အလွန်အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကစားသမားအများအပြား ရှိပါတယ်။ သူ့နေရာမှာ အခြားတစ်ဦးနဲ့ အစားထိုးသွားပါမယ်’’ဟု ပယ်လီဂရီနီက ပြောသည်။

သို့သော် မန်စီးတီးအတွက် သတင်းကောင်းအနေဖြင့် နယူးကာဆယ်ပွဲမှာပင် ဒဏ်ရာရရှိခဲ့သော ယာယာတိုရေးမှာ မန်ယူနှင့် ရင်ဆိုင်ရန် ကြံ့ခိုင်မှုပြည့်ဝနေခြင်းဖြစ်သည်။


 Goal  , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment