Pages

Sunday, November 2, 2014

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံပျက်ကျရာမှ ၁၄ ဦး မီးလောင်ဒဏ်ရာရ

RangonNewsDaily:: November . 2 .2014
ကမ္ဘာလှည့် ခရီးသည်တွေနဲ့ မြန်မာနိုင်ငံဒေသအနှံ့က ပရိသတ်တွေ နှစ်စဉ် လာလည်ပတ်နေတဲ့ တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲတော်မှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၁ နာရီလောက်က လွှတ်တင်ခဲ့တဲ့ မီးပုံပျံ ပျက်ကျ ရာကနေ လူ ၁၄ ယောက် မီးလောင်ဒဏ်ရာတွေ ရခဲ့တယ်လို့ တောင်ကြီး မြို့မ ရဲစခန်းဆီကနေ သိရပါတယ်။
အဝေရာ မီးပုံးပျံကွင်းထဲမှာ တောင်ကြီးဒေသခံတွေဖြစ်တဲ့ ပအို့ဝ်တိုင်းရင်းသားများ အဖွဲ့က လွှတ်တင်တဲ့ ခွန်တန်မီးပုံးပျံ ဟာ အမြင့်ပေ နှစ်ရာလောက်မှာ ကွင်းထဲပျက်ကျခဲ့တာ ဖြစ်ပါတယ်။ မီးပုံးပျံ ပျက်ကျတာကြောင့် လာကြည့်နေတဲ့ အမျိုးသား ဆယ်ဦးနဲ့ အမျိုးသမီး လေးဦး မီးလောင်ဒဏ်ရာတွေ ရခဲ့ပြီး သူတို့တွေထဲက ငါးဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ တောင်ကြီးမြိုကနယ် စပ်စံထွန်း ပြည်သူ့ဆေးရုံ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“မီးပုံးပျံက အပေါ်ရောက်သွားပြီးမှ အထဲက မီးရှူးပွင့်ထွက်ပြီး မီးပုံးပျံခေါင်ကို ဖောက်ထွက်သွားလို့ ပျက်ကျခဲ့တာ။ ရုတ်တရက်ဆိုတော့ ပွဲတော်လာကြည့်သူ တွေလည်း ပြေးချိန်မရလိုက်ဘူး ယမ်းတွေ ပန်းထွက်ပြီး စင်ကုန်တာ။ မီးလောင် ဒဏ်ရာကြောင့် တချို့ဆို အသားတွေ ပဲ့ကျတယ်။ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ကြားရတယ်” လို့ တောင်ကြီးမြို့နယ် အစ္စလာမ် နာရေးကူညီမှုအသင်း ဦးမောင်ပိန်က ရှင်းပြပါတယ်။
::
ခုလို မီးပုံးပျံ ပျက်ကျရာကနေ မီးလောင်မှုကို မီးသတ်ယာဉ် သုံးစီးအပါအ၀င် မီးသတ်တပ်ဖွဲ့ဝင် လေးဆယ်နီးပါးက ငြှိမ်းသတ်ခဲ့ရပြီး မီးပုံးပျံ ပျက်ကျမှုကြောင့် ဒဏ်ရာရခဲ့သူ ၁၄ ဦးထဲကမီ ရန်ကုန်ကနေ လာတဲ့ ဧည့်သည် နှစ်ဦးပါဝင်ကာ ကျန်တဲ့သူတွေကတော့ တောင်ကြီးမြို့နယ်နဲ့ ရွှေညောင်မြို့နယ်က ဒေသခံတွေဖြစ်တယ်လို့ မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ကော်မတီဆီကနေ သိရပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment