Pages

Sunday, November 2, 2014

အမေရိကန်ပြည်ထောင်စုက ဦးအောင်သောင်းကို Blacklist စာရင်းသွင်းဟု အေအက်ဖ်ပီ ဖော်ပြ


RangonNewsDaily:: November . 2 .2014
အမေရိကန်ပြည်ထောင်စုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ယခင်စက်မှု (၁) ဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်သောင်းကို သူ၏လုပ်ရပ်များကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအပေါ် အဟန့်အတား ဖြစ်စေသည်ဟုဆိုကာ အောက်တိုဘာ ၃၁ ရက်က Sanction Blacklist စာရင်းသွင်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။
လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းသည် အာဏာရပြည်ခိုင်ဖြိုးပါတီမှ သဘောထားတင်းမာသူ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကို အဟန့်အတားဖြစ်စေသည့် လုပ်ရပ်များ ပြုလုပ်ခဲ့သည်ဟု အမေရိကန်အစိုးရက ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ Sanction ပိတ်ပင်အရေးယူမှုအရ အမေရိကန်တွင် ဦးအောင်သောင်း၏ ပိုင်ဆိုင်မှုများရှိလျှင် ထိန်းချုပ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံသားများ အနေဖြင့် ၎င်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရှိမည် မဟုတ်ကြောင်း သိရသည်။
::
သို့ရာတွင် အမေရိကန်အနေဖြင့် ယခု Sanction Blacklist စာရင်းသွင်းလိုက်ခြင်းမှာ ဦးအောင်သောင်းတစ်ဦးတည်းကိုသာ ပိတ်ပင်ခြင်းဖြစ်ပြီး ၎င်းနှင့်သက်ဆိုင်သည့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ မပါဝင်ကြောင်း သိရသည်။

:AFP, Eleven Media ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment