Pages

Sunday, November 2, 2014

မင်္ဂလာတောင်ညွန့်မြို့နယ်၊ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအိမ်ရာအနီး၊မြန်မာမေဖလားဝါးဘဏ် ဟောင်းရှေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှပြစ်မှုကျူးလွန်သူကို (၂၄)နာရီအတွင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှဖော်ထုတ်ဖမ်းဆီးရမိ


RangonNewsDaily:: November . 2 .2014
၃၁.၁၀.၂၀၁၄ ရက်နေ့ ၀၆၃၀ အချိန်တွင် သာကေတမြို့နယ်နေ ဒေါ်ဖြူဖြူထွေးမှ ၎င်း၏ သားဖြစ်သူ ကျောက်ခဲ(ခ)အောင်ဆက်ပိုင်၊ (၂၃)နှစ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/မြောက်ရပ်ကွက်၊
အထက်ပန်းဆိုးတန်းလမ်း၊ တိရစ္ဆာန်ဥယျာဉ် ၀န်ထမ်းအိမ်ရာအနီး၊ မြန်မာမေဖလားဝါး
ဘဏ်ဟောင်းရှေ့ပလက်ဖောင်းပေါ်တွင်လည်ပင်းထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲလက်ပြင်ထိုး
သွင်းဒဏ်ရာ(၁)ချက်တို့ဖြင့်သေဆုံးနေသည်ကိုသိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၆၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာပြစ်မှု
ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်
ဖွဲ့မှူး ရုံးမှတပ်ဖွဲ့ဝင်များ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပူးပေါင်း၍
စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာသေဆုံးသူသည် ၃၀.၁၀.၂၀၁၄ ရက်နေ့ ၂၂၃၀
အချိန်ခန့်တွင် နေအိမ်မှ
ထွက်သွားပြီး သူငယ်ချင်းများဖြစ်သည့် ဇော်ရဲအောင်၊ ပြူးကြီးတို့နှင့်အတူ အငှားယာဉ်ဖြင့်ထွက်ခွာသွားကြောင်း စုံစမ်းသိရှိခဲ့ရသည်။
စုံစမ်းသိရှိရချက်အရ ဇော်ရဲအောင်နှင့် ပြူးကြီးတို့အား စုံစမ်းရှာဖွေခဲ့ရာ ၃၁.၁၀.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန်တွင် သာကေတမြို့နယ်၊ (၂/မြောက်)ရပ်ကွက်အတွင်းမှ သာကေတမြို့
မရဲစခန်းတပ်ဖွဲ့ဝင်များမှ တွေ့ရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
::
ဇော်ရဲအောင်နှင့် ပြူးကြီးတို့(၂)ဦးအားစစ်ဆေးဆောင်ရွက်ခဲ့ရာ ၃၀.၁၀.၂၀၁၄ ရက်နေ့ ၂၃၀၀ အချိန် ခန့်တွင် ၎င်းတို့(၂)ဦးသည် သေဆုံးသူ ကျောက်ခဲ(ခ)အောင်ဆက်ပိုင်နှင့်အတူ
သာကေတမြို့နယ်အတွင်း အရက်အတူသောက်ခဲ့ကြပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်
ပန်းဆိုးတန်းလမ်းသို့ အငှားယာဉ်ဖြင့်လာရောက်ခဲ့ကြကြောင်း၊ အခင်းဖြစ်နေရာအနီးအရောက် အငှားယာဉ်အားရပ်တန့် ခိုင်းပြီး အငှားယာဉ်ခပေးရာတွင် (၂၀၀၀)ကျပ်ပေးရမည်ကို သေဆုံးသူမှ
(၁၀၀၀)ကျပ်သာပေးသဖြင့် ဇော်ရဲအောင်နှင့်စကားများရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့စကားများစဉ်
ဇော်ရဲအောင်မှ ၎င်းကိုယ်တွင် ၀ှက်ယူလာသည့် အရိုးအသွား(၁၀)လက်မခန့်ရှိ မောင်း
ခလုတ်ပါခေါက်ဓါးဖြင့် သေဆုံးသူ ကျောက်ခဲ(ခ)အောင်ဆက်ပိုင်အားထိုးခဲ့သဖြင့် ဒဏ်ရာ
များရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပါသည်။
၎င်းအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူကို
(၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါသည်။
::
ပေါ်ပေါက်ချက်အရ ဇော်ရဲအောင်၊ (၂၁)နှစ်၊ သာကေတမြို့နယ်နေသူအား အမှုဖြင့်ဖမ်းဆီးအရေးယူ ကာ သက်သေခံဓါးအားသိမ်းဆည်းပြီး ဆက်လက်
အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် သတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment