Pages

Sunday, November 2, 2014

ဒီမီထရော့ဗ်ကိုနိုင်ပြီး အင်ဒီမာရေး ATP World Tour ဝင်ခွင့်ရ


RangonNewsDaily:: November . 2 .2014
ဗြိတိန်တင်းနစ်သမား အင်ဒီမာရေးသည် ပါရီမာစတာပြိုင်ပွဲတွင် ဂရီဂိုဒီမီထရော့ဗ်ကို အနိုင်ရကာ ယခုရာသီကုန် နောက်ဆုံးပြိုင်ပွဲဖြစ်သည့် ATP World Tour ပြိုင်ပွဲတွင် ဝင်ရောက်ကစားခွင့်ရသည့် ထိပ်တန်းရှစ်ဦးစာရင်း ဝင်ရောက်ခဲ့သည်။
ပြီးခဲ့သည့် ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် ဒီမီထရော့ဗ်ကို ရှုံးခဲ့ဖူးသည့် မာရေးမှာ ယခုပါရီမာစတာပြိုင်ပွဲတွင် ၆-၃၊ ၆-၃ ဖြင့် နှစ်ပွဲဆက် အနိုင်ရကာ ကွာတားသို့ တက်ရောက်ခဲ့သကဲ့သို့ ရမှတ်အရလည်း ကမ္ဘာ့အဆင့်သတ်မှတ်မည့် ATP World Tour ပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ရ သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ပါရီမာစတာ ကွာတားဖိုင်နယ်တွင် ကမ္ဘာ့အဆင့်(၁) ဂျိုကိုဗစ်နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဂျပန်တင်းနစ်သမား နီရှီကိုရီမှာလည်း ATP World Tour ဖိုင်နယ်ပွဲသို့ ရောက်နိုင်ရန် တစ်ပွဲအနိုင်ကစားရန်လိုနေပြီး ၎င်းမှာ ကွာတားတွင် ဒေးဗစ်ဖာရာနှင့် ကစားရမည်ဖြစ်သည်။ လန်ဒန်တွင် ကျင်းပမည့် ထိုပွဲဝင်ခွင့်ကို ကမ္ဘာ့အဆင့်(၈)ဖြင့် ရထားသည့် တော်မတ်စ် ဘာဒစ်ခ်ျမှာလည်း ကွာတားဖိုင်နယ်ကို နိုင်ခဲ့လျှင် ရရှိမည်ဖြစ် သည်။ 

BBC , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment