Pages

Monday, October 20, 2014

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့ဆုံခြင်း


RangonNewsDaily:: October . 20 .2014
မြန်မာ ယူ-၁၉ အသင်းဟာ အောက်တို ဘာ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှယူ-၁၉ ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ဘက် ယူအေအီး အသင်းကို ပွဲချိန် ၅၁ မိနစ်မှာသွင်းယူခဲ့တဲ့ သန်းပိုင်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိကာ ၂ဝ၁၅ ခုနှစ် မေ ၃ဝ ရက်ကနေ ဇွန် ၂ဝ ရက်အထိ နယူးဇီလန်နိုင်ငံ မှာကျင်းပမယ့် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။
မြန်မာယူ-၁၉ အသင်း ကို အိမ်ရှင်အဖြစ်ကျင်းပမယ့် အာရှယူ-၁၉ ပြိုင်ပွဲအ တွက်၂ဝ၁၁ ခုနှစ်ကတည်းက အသင်းဖွဲ့စည်း
ကာ နေ ရှင်နယ်လိဂ်(၂)ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပါ တယ်။ ဒါ့အပြင် ခြေစမ်းပွဲတွေ အများအပြားစီစဉ်ပေး ခဲ့ပြီး ဂျာမနီနဲ့ ချက်နိုင်ငံတို့လို ဥရောပနိုင်ငံတွေမှာ မြန်မာယူ-၁၉ အသင်းကို ပို့ဆောင်လေ့ကျင့်စေခဲ့ပါ တယ်။

ဒီလိုပံ့ပိုးမူတွေ အများအပြားလုပ်ဆောင်ခဲ့ရာ မှာ ငွေရေး၊ ကြေးရေးအပါအဝင် အခြားပံ့ပိုးမှုများစွာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော် ဇော်ကို မြန်မာယူ-၁၉ အသင်းနဲ့ ယူအေအီး အသင်း တို့ရဲ့ပွဲစဉ်အပြီးမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။



ယူ-၁၉ အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရသွားပြီ ဆိုတော့ ဒီလိုအောင်မြင်မူရဖို့အတွက် ဘယ်လို အားသာ ချက်တွေက အဓိက တွန်းအားဖြစ်စေခဲ့တာလဲ။

အဓိက,ကတော့ ကလေးတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှုရယ် နောက်တစ်ချက်က ပရိသတ် တွေအားလုံးရဲ့ တစ်ခဲနက်အားပေးမှုကြောင့် အခုလို အနိုင်ရရှိခဲ့တာပါ။ ပြီးလို့ရှိရင် နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်အပြည့်ရဲ့ နောက်ဆုံးအဖြေက ကျွန်တော်တို့ရောက် သင့်တဲ့နေရာကို ရောက်သွားခဲ့တယ်။ အဲဒီအတွက်က စားသမားတွေအားလုံးနဲ့ ပရိသတ်တွေကို ကျွန်တော် အရမ်းကျေးဇူးတင်တယ်။

ဒီလိုအောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဘယ်လောက်အထိ ပျော်ရွှင်ရလဲ။

အရမ်းပျော်ပါတယ်။ ပြောပြလို့မရအောင် ပျော်ရတာပေါ့။ ဒီအပျော်မျိုးကို ရဖို့အတွက်လဲ ကျွန် တော်တို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ရခဲ့တယ်။ နောက်ဆုံးအပျော် ဆုံးကတော့ ပြည်သူတွေပျော်တာကြည့်ပြီးတော့ ကိုယ် တိုင်လည်းပျော်တယ်။ ဒီအပျော်မျိုးရဖို့က နောက်မ လွယ်ပါဘူး။

အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစား သမားတွေကိုရော ဘာများပြောချင်လဲ။

အဓိက,က ကျွန်တော်တို့ ကြိုးစားဖို့အများ ကြီးလိုပါသေးတယ်။ အခုထပ်ပိုပြီး ထပ်ပြီးတော့ အောင် မြင်ဖို့ဆိုရင် အခြေခံကောင်းတွေအများကြီး တည်ဆောက် ရဦးမယ်။ ဒီလိုအောင်မြင်မှုမျိုးတွေ ဆက်ရသွားဖို့အ တွက် မြန်မာပြည်သူပြည်သားတွေအားလုံး ညီညီညွတ် ညွတ်နဲ့ ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကြီးဟာ တစ်ချိန်ကျရင် အတိုင်းအတာတစ်ခုအထိ ရောက်ရှိ လာမှာပါ။

အခုဆိုရင် ယူ-၁၉အသင်းက နယူးဇီလန်မှာကျင်းပ မယ့် ယူ-၂ဝ ကမ္ဘာ့ဖလားမှာ ဝင်ပြိုင်ခွင့်ရခဲ့ပြီဆိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘယ်လိုဆက်လက်ပံ့ပိုးပေးသွားဖို့ရှိလဲ။

ကျွန်တော်တို့အနေနဲ့ လတ်တလော မှာ ဘာမှ အစီအစဉ်မဆွဲ
ရသေးပေမယ့် အစီအစဉ် ကောင်းကောင်းချပါ့မယ်။ ကမ္ဘာ့ဖလားမှာ ပြိုင်ဘက်အ သင်းတွေနဲ့ တန်းတူယှဉ်ပြိုင် နိုင်ဖို့အတွက် အဆင့်တစ်ခုအ ထိ ခြေစွမ်းတက်လာအောင် ပံ့ပိုးပြင်ဆင်သွားပါမယ်။ ။

TheFlowerNews , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment