Pages

Monday, October 20, 2014

ကုန်း-ရေနှစ်ထွေတိုက်ပွဲဝင်ရန်ပြင်ဆင်လေ့ကျင့်လာသည့်အရှေ့တောင်အာရှရေတပ်များ


RangonNewsDaily:: October . 20 .2014
စင်ကာပူနိုင်ငံ Nanyang techanological University အခြေစိုကှ် S. Rajaratnam School of International Studies ၏ Institute of Defence and Strategic Studies မှ တွဲဖက်သုတေသီ Koh Swee Lean Collin ရေးသားသည့် Southeast Asia’s Emerging Amphibious Forces သတင်းဆောင်းပါးကို ပြန်ဆိုသည်။
ဤဆောင်းပါးတွင် အရှေ့တောင်အာရှဒေသရှိရေတပ်များ၏ ကုန်း-ရေနှစ်ထွေတိုက်ပွဲဝင်နိုင်မည့် စစ်ဆင်ရေးစွမ်းရည်မြှင့်တင်လာမှုများကိုသုံးသပ်တင်ပြထားသည်။အရှေ့တောင်အာရှမှ ရေတပ်များ သည် ကုန်း-ရေနှစ်ထွေသွားလာနိုင်သည့် ကမ်းတက်တပ်ဖွဲ့များ၏စွမ်းရည်များရရှိရန် အလျင်အမြန်လုပ်ဆောင်လျက်ရှိသည်။ ၄င်းတို့၏ရည်ရွယ်ချက်များကမူ ရှင်း လင်းထင်ရှားခြင်းမရှိသေးပါ။

ရေကြောင်းသွားလာရေး ပထဝီအနေ အထားနှင့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ ၏ ရှုပ်ထွေးသောအခင်းအကျင်းတို့၏ သဘာဝအကျိုးဆက်အဖြစ် အရှေ့တောင် အာရှဒေသရှိ ရေတပ်များခေတ်မီအောင် လုပ်ဆောင်သည့် စီမံချက်များသည် စွမ်း ရည်များဘက်ညီအောင် ကြိုးပမ်းဆောင် ရွက်သည့် သွင်ပြင်လက္ခဏာကိုအမြဲတွေ့ ရသည်။ 


၎င်းတို့၏စစ်ရေးလေ့ကျင့်မှုများ သည် တိုင်းပြည်တစ်ခုချင်းစီ၏ ထူးခြား ထင်ရှားသော လိုအပ်ချက်များကို ထင် ဟပ်နေရုံသာမကဘဲ ကွဲပြားခြားနား သည့် စီးပွားရေးအခြေအနေများကိုလည်း ထင်ဟပ်လျက်ရှိသည်။ အဆိုပါစီးပွားရေး အခြေအနေများသည် စစ်ရေးလေ့ကျင့်မှု ကို ဦးစားပေးလုပ်ဆောင်ရန် သတ်မှတ် ပြဋ္ဌာန်းချက်ပင်ဖြစ်သည်။ 

ထိုသို့သော စီးပွားရေးအခြေအနေနှင့် စစ်ရေးလေ့ကျင့် မှု ညီမျှခြင်းချထားသည့်အခြေအနေတွင် ရေတပ်များ၏ ဒုံးကျည်တပ်ဆင်ထား သော စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘော များလောက် ကမ်းတက်တပ်များသည် ဂုဏ်ယူဖွယ်ရာမရှိဟု ရံဖန်ရံခါတွင် ယူဆခဲ့ကြသဖြင့် ကမ်းတက်တပ်များကို ဟိုးအရင်ကတည်းက နောက်တန်းတွင် ထားရှိခဲ့ကြသည်။ 

ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်းတွင် အထက်ပါအခြေအနေသည် စတင်ပြောင်း လဲသွားခဲ့သည်။ အာဆီယံအဖွဲ့ဝင် ကိုး နိုင်ငံအနက် ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံ ခြောက် နိုင်ငံသည် အမေရိကန်၏ မရိန်းတပ်နှင့် ရုရှား ကမ်းတက်ရေတပ် (Russian Naval Infantry) တို့နှင့်ညီမျှသည့် ကုန်း- ရေနှစ်ထွေတိုက်ပွဲဝင်နိုင်သော ကြည်း တပ်များကို အင်အားအရွယ်အစားအမျိုး မျိုးဖြင့် ပိုင်ဆိုင်လျက်ရှိပြီဖြစ်သည်။ 


အဆိုပါတပ်များ၏ဖွဲ့စည်းပုံသည် ကြည်း တပ်တပ်ဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် ကွဲပြား ခြားနားမှုရှိသဖြင့် အဆိုပါတပ်ဖွဲ့ဝင်များ အား ဖွဲ့စည်းထားခြင်းသည် အကုန်အကျ များပြားသည်မှာ တိုက်ဆိုင်မှုမဟုတ်ပါ။ ထို့အပြင် အဆိုပါကမ်းတက်တပ်ဖွဲ့များ ၏ လှုပ်ရှားဆောင်ရွက်မှုအတွက် တည် ဆောက်ထားသည့် အကြီးစားကမ်းတက် ရေယာဉ်များသည် တိုက်ပွဲဝင်စစ်သင်္ဘော များတွင် တပ်ဆင်ထားသည့်ရှုပ်ထွေး သောတိုက်ခိုက်ရေးစနစ်များလောက် တိုက် ခိုက်ရေးစနစ်မျိုးစုံမပါဝင်သည့်တိုင် ကုန် ကျစရိတ်ကြီးမားလျက်ရှိသည်။

ဘဏ္ဍာရေးဆိုင်ရာအကန့်အသတ် များကြောင့် ဟန့်တားခံထားရသည့် ဒေသတွင်းစိတ်ဝင်စားမှု
၁၉၉ဝပြည့်နှစ်အစောပိုင်းတွင် အင်ဒို နီးရှားနိုင်ငံသည် ယခင်အရှေ့ဂျာမနီနိုင်ငံ မှ Frosch အမျိုးအစား ကမ်းတက် သင်္ဘော ၁၂ စင်းကို ညှိနှိုင်းဈေးဖြင့် ဝယ်ယူခဲ့သည်။ 


အင်ဒိုနီးရှား၏ အဆိုပါ စစ်သင်္ဘောများဝယ်ယူမှုကြောင့် မလေး ရှားနိုင်ငံသည် တိုက်လေယာဉ်အငယ် များနှင့် တိုက်ခိုက်ရေးယာဉ်များ၊ အလတ် စားရဟတ်ယာဉ်နှစ်စင်းထက်ပို၍ ဆင်း သက်ရပ်နားနိုင်သည့် အကြီးစားကမ်း တက်သင်္ဘောဖြစ်သော တန်ချိန် ၈၄၅ဝ ရှိ KD sri Inderapura သင်္ဘောများကို အမေရိကန်နိုင်ငံထံမှ ဝယ်ယူခဲ့သည်။ 

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများက အထက်ပါ ကမ်းတက်စစ်ရေယာဉ်များ ဝယ်ယူခဲ့သဖြင့် စင်ကာပူနိုင်ငံသည် Endurance Class LPDs အမျိုးအစား တန်ချိန် ၈၅ဝဝရှိ စစ်သင်္ဘောလေးစင်း ကို ၁၉၉ဝပြည့်နှစ်များနှောင်းပိုင်းတွင် ပြည်တွင်းတွင် တည်ဆောက်ပြီး စစ်ရေ ယာဉ်အဟောင်းများနေရာတွင် အစားထိုး ခဲ့သည်။ အရှေ့အာရှရှိ ကမ်းတက်စစ် သင်္ဘောအများစုသည် ဒုတိယကမ္ဘာစစ် (သို့မဟုတ်) ဆိုဗီယက်ခေတ်မှ ကုန်း- ရေနှစ်ထွေစစ်ဆင်ရေးတွင် အသုံးပြုနိုင် သည့် စစ်သင်္ဘောများသာဖြစ်ခဲ့သဖြင့် အထက်ပါသုံးနိုင်ငံ၏ ရေတပ်အင်အား ဖြည့်တင်းမှုများသည် ထူးခြားထင်ရှား သည့် အင်အားဖြည့်တင်းမှုများဖြစ်သည်။

သို့တိုင် အရှေ့တောင်အာရှနိုင်ငံ အများအပြား၏ ကုန်း-ရေနှစ်ထွေတိုက်ပွဲ ဝင်နိုင်စွမ်း လိုအပ်ချက်များကြောင့် ၂ဝ၁၄ ခုနှစ်တွင်ဖြစ်ပွားသည့် အိန္ဒိယသမုဒ္ဒရာ ဆူနာမီလှိုင်းဒဏ်ကျရောက်ပြီးနောက် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး စစ်ဆင်ရေးများတွင် ပါဝင်ဆောင်ရွက်ရန် ပစ္စည်းကိရိယာမပြည့်စုံဘဲရှိနေခဲ့သည်။ အဆိုပါ ဆူနာမီဖြစ်ပေါ်ပြီး ပြီးပြီးချင်း နှစ်များတွင်လည်း အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည်ကမ်းတက်ရေယာဉ် များနှင့် ကြည်းတပ်သုံးစစ်ရေယာဉ်များ တင်ဆောင်နိုင်သည့် LPD စစ်ရေယာဉ် များကို အသစ်ထပ်မံဖြည့်တင်းခဲ့သည်။


အင်ဒိုနီးရှားနိုင်ငံသည် တန်ချိန် ၁၁၄ဝ ရှိ Makassar အမျိုးအစား LPD စစ် သင်္ဘောငါးစင်းကို ဝယ်ယူခဲ့သည်။ တောင်ကိုရီးယားနိုင်ငံက ထုတ်လုပ်သည့် စစ်သင်္ဘောဒီဇိုင်းဖြင့် အခြေခံတည် ဆောက်ထားသည့် အဆိုပါ စစ်သင်္ဘော ငါးစင်းအနက် တစ်စင်းသည် ဆေးရုံ သင်္ဘောအဖြစ် အသုံးပြုနိုင်ရန် အထူး တည်ဆောက်ထားသည့်သင်္ဘောဖြစ်သည်။

ထိုင်းနိုင်ငံကလည်း စင်ကာပူနိုင်ငံတွင် တည်ဆောက်သည့် Endurance အမျိုး အစားစစ်သင်္ဘောနှင့် အမျိုးအစားအနည်း ငယ်သာကွဲပြားသည့် HTMS Ang Thong စစ်သင်္ဘောကိုဝယ်ယူခဲ့သည်။ အဆိုပါ ထိုင်းစစ်သင်္ဘောသည် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာဆေးကျွန်းကမ်းလွန်ပင်လယ် ပြင်တွင် ဆူနာမီကယ်ဆယ်ရေးစစ်ဆင် ရေး၌ အောင်မြင်စွာပါဝင်ဆောင်ရွက်နိုင် ခဲ့သည်။ 

သို့တိုင် အာဆီယံရေတပ်များသည် လက်ငင်းရေကြောင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကိုဦးစားပေးရန် ဘဏ္ဍာရေး ထောက်ပံ့မှုမရှိသဖြင့် ကုန်း-ရေနှစ်ထွေ တိုက်ပွဲဝင်နိုင်မှု စွမ်းရည်သစ်များတွင် ဒေသတွင်းအတိုင်းအတာဖြင့် စိတ်ဝင်စား မှုသည် လျင်မြန်စွာရပ်တန့်သွားခဲ့သည်။ 


ဥပမာအားဖြင့် ၂ဝဝ၉ခုနှစ်တွင် မီးလောင် မှုဖြစ်ပွားပြီးနောက် KD sri Inderapura စစ်သင်္ဘောကို အစားထိုးရန်လိုအပ်သော် လည်း မလေးရှားနိုင်ငံ၏ အစိုးရအသုံး စရိတ်စီမံကိန်းဖြစ်သည့် Ninth Malaysia Plan (၂ဝဝ၆-၂ဝ၁ဝ) မှ Tenth Malaysia Plan (၂ဝ၁၁ -၂ဝ၁၅) သို့ ဘက်စုံ သုံးစစ်သင်္ဘောဝယ်ယူဖြည့်တင်းရေးအစီ အစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။ 

ဘက်စုံ သုံးစစ်သင်္ဘောဝယ်ယူခြင်းမရှိဘဲ မလက္ကာ ရေလက်ကြားရှိ ပင်လယ်ဓားပြရန် မြင့် တက်လာခြင်းနှင့် မကြာသေး
မီက တောင်တရုတ်ပင်လယ်တင်းမာမှုများ မြင့်တက်လာခြင်းကို ရင်ဆိုင်တိုက်ခိုက် နိုင်ရန် ကင်းလှည့်ရေယာဉ်များနှင့် ရေငုပ် သင်္ဘောများကို မလေးရှားနိုင်ငံကဝယ် ယူခဲ့သည်။ 

လူလူချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက်သာလောသို့ရာတွင် ပြီးခဲ့သည့် နှစ်နှစ်၊ 

သုံး နှစ်အတွင်း ကုန်း-ရေနှစ်ထွေတိုက်ပွဲဝင် နိုင်သည့်တပ်ဖွဲ့များကို ဒေသတွင်းတွင် ခေတ်မီအောင်ဇောက်ချလုပ်ဆောင်
မှုများ အသစ်တစ်ဖန်ဖြစ်ပေါ်လာမှု၏လက္ခဏာ များကို တွေ့မြင်လာရသည်။ 

ယခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသည် Makassar အမျိုးအစား တိုက်လေယာဉ်နှင့် ကြည်းတပ်တိုက်ခိုက်ရေးယာဉ်များတင် ဆောင်နိုင်သည့်အရေအတွက်မသိရသော LPD စစ်သင်္ဘောများကိုဝယ်ယူရန် အင်ဒို နီးရှားသင်္ဘောတည်ဆောက်ရေးကုမ္ပဏီ PT PALနှင့်ညှိနှိုင်းခဲ့သည်ဟုသိရသည်။ 

အကယ်၍ အဆိုပါသင်္ဘောများဝယ်ယူ ရေးအစီအစဉ်ဖြစ်မြောက်မည်ဆိုပါက မြန်မာ့ကမ်းတက်တပ်ဖွဲ့များအတွက် ကြီး မားသည့်သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာပါ လိမ့်မည်။ လက်ရှိတွင် မြန်မာ့ကမ်းတက် တပ်ဖွဲ့ကို ကြည်းတပ်အထောက်အကူပြု ရေတပ်တပ်ရင်းတစ်ခုနှင့် အငယ်စား ကမ်းတက်ရေယာဉ် အုပ်စုတစ်ခုဖြင့်သာ ဖွဲ့စည်းထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် မဟာဗျူဟာမြောက် အထောက်အကူပြု ရေယာဉ်စီမံကိန်းကို ဟိုးအရင်ကတည်း က စေ့စပ်ဆွေးနွေးခဲ့ပြီးနောက် Makassar အမျိုးအစား LPD စစ်သင်္ဘောနှစ် စင်းကို PT PAL သင်္ဘောကုမ္ပဏီထံမှ ဝယ်ယူခဲ့သည်။

The Union Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment