Pages

Monday, October 20, 2014

မြက်ခင်းစိမ်းပေါ်က သမိုင်းသစ် စစ်သည်တော်များ


RangonNewsDaily:: October . 20 .2014
"ကျွန်တော်တို့ ဒီကလေးတွေကို ကမ္ဘာ့ ဖလား ထိကိုမှန်းထားတယ် "
ဒီစကားကို ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌကြီး ဦးဇော်ဇော်ကပြောတော့ ကျွန်တော့်မှာ နဝေတိန်တောင်နဲ့  ဘယ်ကလေးတွေကို
လဲဆိုတော့U-19အသင်း လောလောလတ်လတ်ဘရူးနိုင်းဘုရင့်ဖလားမှာ ဗိုလ်စွဲထားတဲ့ချန်ပီယံ လွန်ခဲ့တဲ့သုံးနှစ်လောက်
ကတည်းက အသေအချာပြင်ဆင်ထားပြီး ဂျာမဏီအထိအကုန်ကျခံ ပို့ ဆောင်ကာ ခြေစမ်းပွဲတွေကစားထားတဲ့အသင်း

ပထမဆုံးအနေနဲ့  ဦးဇော်ဇော်ကို အရင်ဆုံးကျေးဇူးတင်ချင်တယ်ဗျာ ( ခရိုနီလော်ဘီမဟုတ်ပါဘူး သို့ ပေမယ့် သူ့ လောက်မြန်မာ့ဘောလုံးလောကအတွက်နေ့ ညမပြတ်အလုပ်လုပ်ပြီး အနစ်နာခံပေးသူမမြင်ဖူးသေးတာတော့အမှန်ပဲ)

အိပ်မက်တော့မဟုတ်ဘူးဗျ ဒါဟာတကယ့်အဖြစ်အပျက် ... ထိုအဖြစ်အပျက်ကိုမက်ဖို့  အစပိုင်းမှာ ငိါတို့ မြေ ငါတို့ ရေ ငါတို့ ကွင်းဆိုတဲ့အသိထက် ဘာမှ ပိုမရှိခဲ့ဘူး ကိုယ်ယှဉ်ပြိုင်ရမယ့်အ သင်းတွေဟာ အာရှထိပ်သီးတွေ တသက်နဲ့ တကိုယ် သူ

တင်ကိုယ်တင်ကစားဖို့ အခွင့်အရေးမပြောနဲ့ နောက်ဆုံးအဆင့်တွေကို ကစားနိုင်ဖို့ ခြေစစ်ပွဲတောင်မှ အနိုင်နိုင်က
စားနေရတဲ့ မြန်မာ့ဘောလုံးရဲ့ အခြေအနေဆိုးကြီးမှာ

ကျွန်တော်တို့ အာရှ u-19 ပြိုင်ပွဲကို ကျွန်တော်တို့ မြန်မာဘောလုံးအဖွဲ့ ချုပ်နဲ့ တာဝန်ရှိသူတွေအားလုံးကြိုးစားပြီး
 အိမ်ရှင်
အဖြစ် မြန်မာနိုင်ငံမှာလက်ခံကျင်းပခွင့်ပြုပါလို့ နိုင်ငံတကာအလယ်ရင်ကော့ပြီး တာဝန်ယူခဲ့တယ် အိမ်ရှင်အဖြစ်ကျင်းပခြင်း
ကလျှင် လက်ရှိ မြန်မာအသင်းနောက်ဆုံးအဆင့်တွေကိုယှဉ်ပြိုင်ဖို့  အခွင့်အလမ်းဆိုတာသိထားတဲ့ တာဝန်ရှိသူတွေရဲ့ 
 ကြိုးပမ်းမှုရလဒ်ရဲ့ အဖြေကတော့ ဒီအာရှအဆင့် ပြိုင်ပွဲကို မြန်မာ့မြေမှာကျင်းပခွင့်ရရှိခဲ့ပါတယ်

အထက်မှာပြောခဲ့သလိုပဲ ဒါတို့ မြေ တို့ ပြည် တို့ ရေ တို့ ကွင်း တို့ ပရိတ်သတ်ဆိုတာထက်ပိုမိုသာလွန်တဲ့ အရာ ဘာမှမရှိပဲ အဖက်ဖက်ကကိုယ့်ထက်နှာတဖျားသာတဲ့ အာရှထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်ခဲ့ရပါပြီး

ပထမဆုံးပွဲစဉ်မှာ ယီမင်ကို ဂိုးမရှိသရေရလဒ်ဟာ အုပ်စုတွင်းအင်အားအနည်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ယီမင်ကို သရေကျခြင်းဟာ ငါတို့ ပြည်သူတွေ ထပ်ငိုရအုံးမလားဆိုတဲ့အတွေးတွေနဲ့  မြန်မာ့ဘောလုံးပရိတ်သတ်တွေကို တကယ်

မချမ်းမြေ့စေခဲ့ပါဘူး.....

ဒုတိယပွဲစဉ်မှာ ရာဇ၀င်အစဉ်အလာပြိုင်ဘက် ထိုင်းကို ခြေအသာ ဂိုးအသာနဲ့ ကစားလိုက်ချိန်မှာတော့ ကျွန်တော်တို့ နယူး

ဇီလန်ကမ္ဘာ့ ဖလားအိပ်မက်ဟာ အနည်းငယ်ပွင့်လန်းလာခဲ့ပါပြီး အုပ်စုနောက်ဆုံးပွဲစဉ် အီရန်နဲ့ပွဲမှာ ရှုံးနိမ့်ပေမယ့် ဂိုးကွာ
ခြားချက်ဖြင့် ကွာတားအဆင့်တက်ရောက်ပြီးနောက် တနိုင်ငံလုံးရဲ့မျှော်လင့်ချက်ကြီးမားမှုနဲ့ အတူတူ ဒီဖိအားကို လူငယ်
လေးတွေခံနိုင်ပါ့မလားတကယ်လို့ များမဖြစ်လာခဲ့ရင် ပရိတ်သတ်တွေရဲ့  ယခင်ရှိပြီးသားရာဇ၀င်အဟောင်းတွေကြောင့်
မျက်နှာပျက်ရမှာလားတဖက်အသင်းက ကိုယ့်ထက်သာတဲ့အသင်းဆိုတော့ကား ငါတို့ အဆင်ပြေပါ့မလား ရှားရှားပါးပါးရ
ခဲတဲ့ သမိုင်းသစ်မှတ်တိုင် စိုက်ထူရမယ့်နေ့ မဟုတ်လား တကယ်ကိုရင်ခုန်ခဲ့ရတဲ့အချိန်တွေပါပဲ...

ကျွန်တော့်ရင်ထဲမှာတော့ ပါးပါးလေးပထမဆုံးမျှော်ထားတာက ငါတို့ ကွာတားကိုကျော်ဖြတ်မယ် ၂၀၁၅ နယူးဇီလန်ကမ္ဘာ့ ဖလားကို အာရှဇုန်မှ ပထမဆုးံငါတို့ ဝင်ရောက်နိုင်မယ် ပြီးရင် ခပ်ပါးပါးလေး ထပ်မျှော်ကြည့်မိတယ် ငါတို့ မြေ ငါတို့ ရေ ငါတို့ ကွင်းမှာ ငါတို အိပ်မက်ပြည့်ပြီးရင် လူငယ်လေးတွေရဲ့ ပေးဆပ်မှုအတွက် ဆီးမီးကိုပါ ထပ်ကွန့် ပြီး ကျော်ဖြတ်ချင်ေ
သး
တယ် ပြီးရင်ပေါ့ ဘာဖြစ်ဖြစ် ဒီအာရှဖလားကြီးကို ငါတို့ မြေမှာပဲ ထားကြည့်ချင်တယ်

ကျွန်တော်လောဘကြီးသွားလားခင်ဗျ..

သတ်မှတ်လို့ ရပါတယ် လောဘကြီးပါတယ် ဘာလို့ လဲဆိုတော့ လောဘကြီးချင်လာအောင် ညီငယ်လေးတွေက စွမ်းဆောင်ပြခဲ့ပြီးပြီးလေ

ခနခနဒဏ်ရာအနာတရကြားမှာ သေသေကြေကြေ ယခင်ပွဲစဉ်ကဒဏ်ရာရထားတဲ့ မျိုးကိုထွန်းလေးကိုစိုးရိမ်မိတယ် နောက်တန်းခံစစ်ဇုန်တခုလုံးကို မောင်းနှင်ထိန်းကျေင်းနေတဲ့အသင်းခေါင်းဆောင်ကြီးမျက်နှာမှာ တင်းပြတ်
ခိုင်မာတဲ့ 
ယုံကြည်မှုတချို့ ကိုမြင်တယ်

သေသေကြေကြေ အနာခံပြီးကျိုးကန်းပါစေ ငါတို့ မရှုံးဖို့  ကြိုးစားကစားသွားတယ် မြန်မာ့သမိုင်းမှာ မှတ်တိုင်သစ်ထူဖို့ သူတို့  ချွေးမြက်ခင်းပေါ်မှာ ရွာသွန်းခဲ့ပြီးပြီးမြန်မာ့သမိုင်းမှာ မှတ်တိုင်သစ်ထူဖို့  သူတို့ ရဲ့ အနာတရအော်ဟစ်ညည်းညူသံတွေ မြက်ခင်းပေါ်မှာ တေးဆိုခဲ့လေပြီးမြန်မာ့သမိုင်းမှာ မှတ်တိုင်သစ်ထူဖို့  သူတို့ ရဲ့ အနာဂတ်ကို မိနစ်ကိုးဆယ်ခွန်မိနစ်လုံးလုံး မြှပ်နှံခဲ့ပြီးပြီး

ခိုင်မာတဲ့ စုဖွဲ့ မှု စည်းလုံးမှု တို့ နဲ့ မိမိထက်အစစအရာရာသာလွန်တဲ့အသင်းကို မကြောက်မရွံ ယှဉ်ပြိုင်ကစားရင် တဖက်

အသင်းအမှားတချက်ကိုအခွင့်အရေးအမိအရ ရယူခဲ့တဲ့ ဖန်တီးရှင်နဲ့ အတူတူ မြန်မာဒီမာရီယာလို့ တောင်တင်စားခေါ်ဝေါ်
ခြင်းခံရတဲ့ နံပါတ် ၁၁ သန်းပိုင်ရဲ့ အဆုံးသတ်မှုကတော့ မြန်မာ့သမိုင်းမှတ်တိုင်သစ်ရဲ့ အစပျိုးရာပင်တည်း ....

ဘာပဲဖြစ်ဖြစ် ဒီပို့ စ်ကိုရေးချိန်မှာ နယူးဇီလန်ကမ္ဘာ့ ဖလားအတွက်အာရှမှ အစောဆုံးအောင်မြင်ခဲ့သူဟာ မြန်မာပါ

အာရှရဲ့ U-19 လက်ရွေးစင် အဆင့် နိုင်ငံတွေထဲမှ အကောင်းဆုံးလေးသင်းထဲမှာ မြန်မာနာမည်ရေးထိုးနေပြီးပြီလေ

မြန်မာရဲ့ အောင်မြင်မှုဟာ မြန်မာတင်မက အာဆီယံဒေသတခုလုံးရဲ့ အောင်မြင်မှုပါ မြန်မာပြည်သူတွေနဲ့ အတူတူအာဆီ

ယံနိုင်ငံအားလုံးက အားပေးနေကြပါတယ် (ချွင်းချက်Asean Footballl Community) Groupမှာတော့ အခုထိ စင်ကာပူကလူတွေရဲ့ချီးကျူးစကားမတွေ့ သေးဘူး စင်ကာပူကြည့်ရတာ တော်တော်မနာလိုဖြစ်နေပုံပါပဲ 

2015 ခုနှစ်မှာ ကျွန်တော်တို့ တခါမှ မမက်ဖူးတဲ့ပွဲစဉ်တွေကစားဖို့  
အာရှမှာ ယခုမြန်မာနဲ့  မြောက်ကိုးရီးယား
ဥရောပမှာတော့ 
Austria
Germany
Hungary
Portugal
Serbia
Ukraineတို့ စောင့်ကြိုနေပါတယ်

New Zealand ကတော့အိမ်ရှင်ဖြစ်လို့  ပါဝင်ပြီးသားပါ..

ကဲ ညီလေးတို့ ဘက်ကတာဝန်ကျေတော့ ကျွန်တော်တို့ ပရိတ်သတ်တွေလဲ ပိုက်ဆံစုထားကြမယ် နယူးဇီလန်ကမ္ဘာ့ ဖလား ကို့  မြန်မာအသင်းနဲ့ အတူတူလိုက်ပါအားပေးနိုင်ဖို့  ပြင်ဆင်ထားကြမယ်ဗျာ

မြန်မာအသင်းရဲ့ အောင်မြင်မှုအတွက် ထိုက်တန်တဲ့ချီးကျူးစကားရှာမရလို့  ကျွန်တော့်ပို့ စ်က စာသားတွေဟာ သေးသိမ်နေပါလိမ့်မယ် ဒါပေမယ့် ဆီးမီးပွဲကို အထက်မှာပြောခဲ့သလို ပါးပါးလေးနဲ့  လောဘလေးနည်းနည်းစီထပ်တိုးကြည့်ရအောင်ဗျာ........

ထက်လင်း, 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment