Pages

Thursday, October 23, 2014

ကနေဒါ လွှတ်တော်တွင် သေနတ်ပစ်ခတ်မှုဖြစ်


RangonNewsDaily:: October . 23 .2014
ကနေဒါ လွှတ်တော်မှာ မနေ့က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပြီး သနတ်သမားကိုတော့ နေရာမှာပဲ အသေဖမ်းဆီးနိုင်လိုက်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
Armed RCMP officers head in to Centre Block on Parliament Hilll following a shooting incident in Ottawaသေနတ်သမားဟာ လွှတ်တော်ထဲကို မ၀င်ခင်မှာ အနီးနားက စစ်ပွဲအောက်မေ့ဖွယ် အဆောက်အဦနားမှာ စစ်သားတယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ စစ်သားလည်း သေနတ်ဒဏ်ရာနဲ့ အော်တာဝါ Ottawa ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

ကနေဒါနိုင်ငံ မြို့လယ်ခေါင်မှာ တည်ရှိတဲ့ လွှတ်တော်ထဲ အခုလို သေနတ်ပစ်ခတ်မှု ပေါ်ပေါက်တာကြောင့် ရဲအဖွဲ့ဟာ မယုံကြည်နိုင်အောင် ဖြစ်နေပါတယ်။
::
သေနတ်သမားဟာ လွှတ်တော်တွင်းမှာ သေနတ်အချက်ပေါင်း အနည်းဆုံး ၃၀ ကို ပစ်ခတ်ခဲ့ပါတယ်။ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ ကနေဒါ ၀န်ကြီးချုပ် စတီဖင် ဟပ်ပါကလည်း လွှတ်တော် အစည်းအဝေးခန်းမထဲမှာ ရှိနေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

နောက်တော့ ၀န်ကြီးချုပ်ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး လွှတ်တော်ကိုလည်း လုံခြုံရေးတွေက ပိတ်ထားလိုက်ပါတယ်။
::
Armed RCMP officers guard the front of Langevin Block on Parliament Hilll following a shooting incident in Ottawaသေနတ်သမားဟာ တယောက်တည်းလားဆိုတာ မသေချာတဲ့အတွက် လွှတ်တော်အနီးတ၀ိုက်မှာ ရဲတွေက ရှာဖွေရေးတွေကို ဆက်လုပ်နေပါတယ်။

သေနတ်သမား ဘယ်သူဘယ်ဝါဆိုတာရယ်၊ ဘာကြောင့် အခုလို လွှတ်တော်အတွင်းထဲထိ ၀င်ပြီး ပစ်ခတ်သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
::
အခုအဖြစ်အပျက် မတိုင်ခင် နှစ်ရက်ကလည်း မွန်ထရီရယ်မြို့ (Montreal) မှာ အစ္စလာမ်ဘာသာဝင်ပြောင်းထားသူတယောက်က ရဲနှစ်ယောက်ကို ကားနဲ့ ၀င်တိုက်ခဲ့လို့ ရဲတယောက် သေဆုံးခဲ့ပါတယ်။ နောက်တော့ သူ့ကို ရဲက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
::
အခုလို အခြေအနေတွေကြောင့် အော်တ၀ါ (Ottawa) မြို့ခံတွေ ပစ်ခတ်မှုဖြစ်တဲ့ မြို့လယ်ခေါင်ကို မထွက်ကြဖို့ လုံခြုံရေးအရာရှိတွေက သတိပေးထားပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment