Pages

Thursday, October 23, 2014

သရုပ်ဆောင်လုပ်နေပေးမယ့် ငိုတဲ့အခန်းအတွက် တော်တော်လေးအရှိန်ယူနေရတယ်လို့ ဖွင့်ဟလာတဲ့ ဆုမြတ်နိုးဦး


RangonNewsDaily:: October . 23 .2014
ကြိုးစားမှုတွေနဲ့အနုပညာလောကမှာ တက်လှမ်းကြိုးစားလာတဲ့ အသစ်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဆုမြတ်နိုးဦးဟာ ထားဝယ်ကနေ ရန်ကုန်ထိတက်လာပြီး အနုပညာလောကထဲကို တစိုက်မတ်မတ် ကြိုးစားလျှောက်လှမ်းခဲ့သူဖြစ်သလို လက်ရှိမှာလဲ အောင်မြင်မှုတစ်စတစ်စနဲ့ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေသူမို့ သူမနဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးကြည့်တဲ့အခါ
“ခုရိုက်နေတဲ့ ကားလေးက ညတဲ့။ ဒါရိုက်တာက ပြည်ဟိန်းသီဟ၊ ကိုဇေရဲထက်၊ မချစ်သုဝေနဲ့ မြတ်နိုးပေါ့။ ဒီကားလေးထဲမှာ မြတ်နိုးက မချစ်သုဝေရဲ့သူငယ်ချင်းနေရာကနေ သရုပ်ဆောင်ထားပါတယ်။ စိတ်ပညာကျောင်းသူတစ်ယောက်ပေါ့။ မြတ်နိုးက သရဲ့ရှိတာကို ယုံတယ်။

မချစ်သုဝေကျတော့ သရဲရှိတာကိုမယုံဘူး။ ကိုဇေရဲထက်က သရဲရှိတယ်ဆိုတာကို လာရှင်းပြတဲ့ ဇာတ်ပုံစံလေးပေါ့။ အပြင် လူနေမှုဘ၀မှာတော့ အရမ်းကြီး ကန့်ကွက်တဲ့ထဲမှာ မပါဘူး။ ဒါပေမဲ့ လက်တွေ့တော့ တစ်ခါမှမကြူံဖူးပါဘူး။ ဆိုက်ကိုကားတွေတော့ ရှေ့မှာရိုက်ခဲ့ဖူးတယ်။ အရမ်းသရဲကား ဆန်တာကြီးတော့မဟုတ်ဘူးပေါ့။”လို့ သူမက ဆိုပါတယ်။

ဇာတ်ကားစတင်ရိုက်ကူးကာစအချိန်နဲ့ ခုကွာခြားမှုအချို့ကိုလည်း သူမက “စလုပ်ကာစနဲ့မတူဘူး။ အရမ်းပြောင်းလဲသွားတယ်။ ကားရိုက်လဲ ပြောင်းလာတယ်။ သရုပ်ဆောင်မှုအပိုင်းမှာလဲ အရင်နဲ့ မတူဘူး။ ပိုသိလာတယ်။ ပိုပြီး လေ့လာတဲ့အတွက်၊ မြတ်နိုးတို့ ရိုက်လာတဲ့ ဇာတ်ကား အရေအတွက်လဲ များလာတဲ့အတွက် အရင်ထက်တော့ နဲနဲလေး အဆင်ပြေလာတယ်ပေါ့။ မြတ်နိုး ကိုယ်တိုင်ကိုကဘယ်လိုကာရိုက်တာမျိုးမဆို လုပ်ကြည့်ချင်တယ်။ 


ဘာလို့လဲဆိုတော့ ခုချိန်မှာ ဘယ်ကာရိုက်တာက ကိုယ်နဲ့အသားကျလဲဆိုတာကို ရွေးပြောလို့မရသေးဘူး။ အစုံ လုပ်ကြည့်ချင်တယ်။ အဲ့ဒီတော့ ပရိသတ်က ရွေးချယ်ပေးမယ်လို့တော့မြင်မိတယ်။ ကားရိုက်ပိုင်းမှာ မြတ်နိုးအားနည်းတာက မျက်ရည်ကျဖို့ပေါ့။ ငိုတဲ့အခန်းဆို တော်တော်လေးကို မြတ်နိုး အရှိန်ယူရတယ်။ မျက်ရည်ကျအောင်မနည်း ကြိုးစားရတယ်”တဲ့။

ဒီလောကရဲ့ ပြိုင်ဆိုင်မှုတွေနဲ့ပတ်သတ်ပြီးတော့လဲ “မြတ်နိုးကို ဘယ်လောက်ပဲ ပြိုင်ဖက်လို့သဘောထားထား၊ ဒီအနုပညာလောကကြီးကကျယ်ပြန့်တယ်လေ။ 


ပင်လယ်ရေဆိုတာ တစ်ယောက်တည်း သောက်လို့မှမကုန်တာ။ ကိုယ်လဲ ကိုယ့်လမ်းကြောင်းနဲ့ကိုယ်သွားနေသလို သူတို့လဲ သူတို့လမ်းကြောင်းနဲ့သူတို့သွားနေကြမှာပဲလေ။ မြတ်နိုးကတော့ ဘယ်လိုမှ သဘောမထားပါဘူး။ နေမြဲအတိုင်းပဲနေပါတယ်။ ကိုယ်ရဲ့ပုံမှန်ကြိုးစားမှုအတိုင်း၊ ကိုယ်လုပ်စရာရှိ တဲ့အတိုင်းပဲ လုပ်ပါတယ်”လို့ သူမက ပြောပြပေးခဲ့ပါတယ်။

Trend , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment