Pages

Thursday, October 23, 2014

မန်ယူနှင့်ကစားမည့် ချယ်လ်ဆီးတွင် ကြံ့ခိုင်မှုပြည့်သည့် တိုက်စစ်မှူးတစ်ဦးသာရှိ


RangonNewsDaily:: October . 23 .2014
မာရီဘောနှင့်ပွဲစဉ်တွင် ဒဏ်ရာရှိခဲ့သော ချယ်လ်ဆီးတိုက်စစ်မှူး ရီမီသည် တနင်္ဂနွေတွင်မန်ယူနှင့်ကစားရမည်ပရီးမီးယားလိဂ် ပွဲစဉ် ကို လွဲချော်ရဖွယ်ရှိနေရာ ကြံခိုင်မှုပြည့်သည့်ချယ်လ်ဆီးတိုက်စစ်မှူး တစ်ဦးသာကျန်ရှိတော့သည်။
ချယ်လ်ဆီးက ၆-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့် အဆိုပါချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွင် ရီမီသည် ကြွက်သား ဒဏ်ရာရ ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးနည်းပြ မော်ရင်ဟို သည် မန်ယူနှင့်ပွဲအမီယင်းကစားသမား ပြန်ကောင်းလာရန် မျှော်လင့်ထားခြင်းမရှိကြောင်း ပြောဆိုထားသည်။

ချယ်လ်ဆီးအတွက် ကိုးဂိုးသွင်းထားသော တိုက်စစ်မှူး ဒီယေဂိုကော်စတာသည်လည်းတံကောက်ကြောဒဏ်ရာရနေရာချယ်လ်ဆီးအသင်းတွင်ကြံ့ခိုင်မှုပြည့်နေ သည့် တိုက်စစ်မှူးအဖြစ် ဒရော့ဘာတစ်ဦးတည်းသာ ကျန်ရှိနေသည်။

"ကျွန်တော်မစိုးရိမ်ပါဘူး။ ဒဏ်ရာတွေအတွက် သောကရောက်နေမှာလည်းမဟုတ်ဘူး။ ကစားသမားတစ်ယောက်ဒဏ်ရာရရင် နောက်တစ်ယောက်ကစားလိမ့် မယ်။ ဒါကကျွန်တော်တို့ရဲ့ ဒဿနပဲဖြစ်ပြီး ငိုကြွေးနေမှာတော့ မဟုတ်ဘူး။ ကစားသမားတစ်ယောက်ဒဏ်ရာရတာကတခြားတစ်ယောက်အတွက်အခွင့်အရေး ရစေ တယ်လို့ ကျွန်တော်တို့ တွေးကြည့်သင့်တယ်။ သိပ်ကိုလေးစားမှုအပြည့်ထားရှိတဲ့ မန်ယူနဲ့ပွဲအတွက် အကောင်းဆုံးပုံစံရအောင် ကြာသပတေး၊ သောကြာ၊ စနေနေ့တွေမှာ ပြင်ဆင်မယ်"ဟု မော်ရင်ဟိုက ပြောသည်။

အသက် ၃၆ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဒီဒီယာဒရော့ဘာသည် ချယ်လ်ဆီးသို့ပြန်လည်ပြောင်းရွှေ့လာပြီးနောက်ပထမဆုံးဂိုးကိုမာရီဘော နှင့်ပွဲတွင်ပင်နယ်တီမှ တစ်ဆင့် သွင်းယူနိုင်ခဲ့သည်။

ပင်နယ်တီများကို ပုံမှန်ကန်သွင်းရန်တာဝန်ပေးခံထားရသည့် ဟက်ဇက်အစား ဒရော့ဘာ က ကန်သွင်းခဲ့သည်ကို ကျေနပ်ခြင်းမရှိသော်လည်း ပွဲချိန် ၁၆ မိနစ် တွင် ရီမီအစား လူစား ၀င်ပြီးခြေ စွမ်းပြသည့် ဒရော့ဘာ ၏တစ်ပွဲ လုံးစွမ်း ဆောင်ရည် အတွက်မူ ပျော်ရွှင် မိသည်ဟု မော်ရင်ဟိုက ပြောသည်။ "၇၅ မိနစ်ကို သူအေးအေးဆေးဆေးကစားသွားတယ်။ ဒါက ဒီဒီယာအတွက် သိပ်ပြီးအရေးပါတယ်။

ကစားသမားတစ်ယောက်အတွက်အကောင်းဆုံးက သူ့ရဲ့ကစားနိုင်စွမ်းကို သက်သေပြနိုင်တာပဲ။ ချယ်လ်ဆီးအတွက်သူနောက်ဆုံးသွင်းပေးခဲ့တဲ့ဂိုးက သမိုင်း တွင်စေတဲ့ အရေးကြီးဆုံးဂိုးဖြစ်ခဲ့တယ်။ အခုလည်း စတမ်းဖို့ဒ်ဘရစ်မှာ ဂိုးပြန်သွင်းနိုင်တာ သူ့အတွက်ကောင်းပါတယ်"ဟု မော်ရင်ဟိုက ပြောသည်။

ချယ်လ်ဆီးအတွက်ဒရော့ဘာနောက်ဆုံးသွင်းယူခဲ့သည့် ဂိုးမှာ ၂၀၁၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းအနိုင်ရစေမည့် အဆုံးအဖြတ်ပင်နယ်တီကို ဘိုင်ယန်မြူးနစ်အသင်းဘက်သို့ သွင်းယူခဲ့ ခြင်းဖြစ်သည်။

Daily Mail , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment